နိုင်ငံဖြတ်ကျော် Rally ကားမောင်းပြိုင်ပွဲကို မြန်မာနှင့်ထိုင်း ပူးတွဲကျင်းပခွင့်ရ

နိုင်ငံဖြတ်ကျော် Rally ကားမောင်းပြိုင်ပွဲကို မြန်မာနှင့်ထိုင်း ပူးတွဲကျင်းပခွင့်ရ
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ ဇွန်လ ၁၄ ။       ။ ၂၄ ကြိမ်မြောက်နိုင်ငံဖြတ်ကျော် Rally ကားမောင်းပြိုင်ပွဲ (Asia Cross Country Rally  ကို မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ပူးတွဲ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်လက်ခံကျင်းပခွင့် ရရှိခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ(R1 Japan ) မှကြီးမှူးကျင်းပသည့် အဆိုပါပြိုင်ပွဲအတွက် ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့ ကရဝိတ် ခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

" AEC (Asia Cross Country Rally 2019) ပါ။ဒီပွဲက သူတို့ စပြီးတည်ထောင်ခဲ့တာကဂျပန်အခြေစိုက်  R1 (Japan)  ကစတင်တည်ထောင်ခဲ့တာပါ။ ဒီနှစ်ကျင်းပတဲ့ပွဲဆိုရင် သူတို့လုပ်ခဲ့တာ ၂၄ နှစ်ပါ (၂၄ကြိမ်မြောက်)။ သူတို့လုပ်ရင်လည်း သြဂုတ် လမှာပဲလုပ်ပါတယ်။လွန်ခဲ့တဲ့ ၁၈ နှစ်ကလည်း မြန်မာနိုင်ငံကို ဖြတ်ကျော် သွား ပါတယ်။ အိမ်ရှင်အနေနဲ့ကျင်းပခဲ့တာမဟုတ်ပါဘူး။ ထိုင်းနိုင်ငံကနေ တရုတ်ကိုသွားတဲ့ပြိုင်ပွဲပါ အဲမှ တာချီလိတ် က နေဖြတ်သွားကြတာပါ။ ၁၈နှစ်အကြာမှ မြန်မာနိုင်ငံကိုအိမ်ရှင်အနေနဲ့ကျင်းပမည်ဆိုပြီး ရောက်လာတာပါ။ မနှစ်က AEC 2018 ရဲ့အပိတ်အခမ်းအနားမှ နောက်နှစ်က မြန်မာနိုင်ငံလို့ ပြောလိုက်တဲ့အချိန်မှ ပါဝင်တဲ့ ပြိုင်ပွဲဝင် အကုန်လုံးက အရမ်းစိတ်လှုပ်ရှားဖြစ်ပြီးတော့ ဂုဏ်ပြုခဲ့ပါတယ်။ထို့အတူ ဒီနှစ် စာရင်းသွင်းတဲ့ အပိုင်းမှာလည်း မနှစ်ကထက် ပိုပြီးတော့ ပြိုင်ပွဲဝင်ကစားသမားတွေ များလာပါတယ်။ ကမ္ဘာအဆင့် ပြိုင်ပွဲ   Dakar Rally ပြီးရင်  AEC မှာ အာရှ နိုင်ငံအတွင်းမှာ အအောင်မြင်ဆုံးနဲ့အကြီးဆုံး Rally ပြိုင်ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုလည်း နိုင်ငံတကာက အားကစားသမားတွေဝင်ရောက်ယှဉ်ပြိုင်ထားပါတယ် " ဟု (Myanmar Motor Sport Organization ) ဥက္ကဋ္ဌ ကိုကျော်ဇေယျာဝင်းက မဇ္ဈိမ သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပြိုင်ပွဲကို သြဂုတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၆ ရက်ကြာ ယှဉ်ပြိုင်မည် ဖြစ်ပြီး ကားလမ်း ကီလိုမီတာ ၂၂၀၀  ယှဉ်ပြိုင်ရမည့် လမ်းကြမ်းကားမောင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ ပတ္တာရား မှ စတင်ပြီ မြန်မာ နိုင်ငံရှိ နေပြည်တော်မြို့တွင် ပန်းဝင်မည် ဖြစ်ကြောင်း အနိုင်ရ ပြိုင်ပွဲဝင် ကစားသမားများနှင့် ပြိုင်ပွဲဝင် ကစားသမားများကို မြန်မာနိုင်ငံမှ ဝန်ကြီးဌာနာများနှင့် စပွန်ဆာကုမ္ပဏီတို့မှ ဆုများ ပေးအပ်ချီးမြင့်မည် ဖြစ်ကြောင်း သိရသည်။

"  အခုတစ်ခေါက်က မြန်မာပြည်ထဲကိုလာတာပါ။အဲဒီအတွက်ကြောင့် မြန်မာပြည်ကလူတွေတော်တော်များများ ဒီအတွက်ကို စိတ်လှုပ်ရှားနေမယ်လို့ထင်ပါတယ်။အဲဒီအတွက်ကြောင့်မို့ ဒီဟာကိုစိတ်ဝင်စားတဲ့သူတွေလည်း TV တွေ ၊သတင်းစာတွေ ၊ မီဒီယာတွေကနေ ဒီအကြောင်းကို စောင့်မျှော်နေမယ်လို့ ထင်ပါတယ်။ အဲဒီ အတွက်ကြောင့်လည်း ကြည့်နေမယ်ဆို ပြိုင်ကားတွေ ဘယ်လိုမောင်းလဲ၊ ပြိုင်ပွဲတွေ ဘယ်လိုလုပ်တယ်။ အဲဒါမျိုးတွေကို ဒီကလူတွေ သိရမှာပါ" ပာု R1 (Japan) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Tadayuki SA SA က မဇ္ဈိမသတင်းဌာနကို ဖြေကြားခဲ့သည်။

နိုင်ငံဖြတ်ကျော်ကားမောင်းပြိုင်ပွဲကို ကား ၊ ဆိုင်ကယ် ၊ ဘေးတွဲဆိုင်ကယ်သုံးမျိုးဖြင့် ယှဉ်ပြိုင်ခွင့် ပြုထားပြီး အာဆီယံ ၁၀ နိုင်ငံမှ အားကစားသမားအများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထို့အပြင် ဥရောပ မှ အားကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး လက်ရှိအချိန်တွင် ပြိုင်ပွဲဝင် အားကစားသမား အယောက် ၃၀၀ ကျော် ရရှိထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly