ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်းမည်

14 June 2019
ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်းမည်

ပုသိမ်မြို့၊ကမ်းနားလမ်းရှိ ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ထွန်းခိုင်က ပြောသည်။

"ဆိုင်းဘုတ်တွေနဲ့ပတ်သက်ပြီးကြံခိုင်ရေးကို နှစ်စဉ်နှစ်တိုင်းစစ်တာပေါ့။ အောက်ခြေပြတ်တာတို့ရှိ တာပေါ့။ အခုက လေကြမ်းတဲ့အခါဖြစ်သွားတာပေါ့။ ဒီကမ်းနားမှာရှိတဲ့ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းဖို့ အတွက် ဆောင်ရွက်ထားပါပြီ။ ကုမ္ပဏီတော့ဆက်သွယ်ထားပြီ။ အခုလောလောဆယ်တော့ စည်ပင် သာယာက ကြည့်ရှုစောင့်ရှောက်နေတယ်”ဟု ပုသိမ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌဦးဇော်ထွန်းခိုင်က မဇ္ဈိမ သို့ပြောသည်။

ဇွန်လ၁၃ရက်နေ့၊နေ့လယ်တွင် လေတိုက်မှုကြောင့် ပုသိမ်မြို့၊ကမ်းနာလမ်းရှိကြော်ငြာဆိုင်းဘုတ် ပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးထိခိုက်ခဲ့ကာ ဆိုင်ကယ်တစ်စီးနှင့်ဆိုက္ကားတစ်စီးတို့ ထိခိုက်ပျက်စီး ခဲ့သည်။

ရိုက်ကူး / တည်းဖြတ် - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly