တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံး ၁၀ ဦးစာရင်းဝင်သူတချို့နှင့် တွေ့ဆုံခြင်း

14 June 2019
တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံး ၁၀ ဦးစာရင်းဝင်သူတချို့နှင့် တွေ့ဆုံခြင်း

၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး (၁၀)ဦးစာရင်းတွင် အဆင့်(၂)နေရာကိုရရှိခဲ့သော မန္တလေးမြို့မှ မဟန်နီထွန်းနှင့်မယမုံသွင်၊အဆင့်(၃) နေရာကို ရရှိခဲ့သော မောင်ဝေလင်းဦး တို့ကိုတွေ့ဆုံကာ ယခုလိုရလဒ်ကောင်းများရရှိအောင် ကြိုးစားမှု နည်းလမ်းများနှင့် ဆရာများဘက်မှ ပ့ံပိုးပေးမှုစနစ်များကို အတုယူနိုင်စေရန် မေးမြန်းတင်ဆက် ပေးထားပါတယ်။ 

ယခုမေးမြန်းထားသော ဘာသာစုံဂုဏ်ထူးရှင်များမှာ မန္တလေးမြို့ရှိ CAE ကိုယ်ပိုင်အထက်တန်း ကျောင်း မှ တက်ရောက်အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ရမှတ်ပေါင်း(၅၅၂)မှတ်ဖြင့် အဆင့်(၂)ရရှိသူ (၂) ဦး၊ရမှတ်ပေါင်း(၅၅၀)မှတ်ဖြင့် အဆင့်(၃)ရရှိသူ (၁)ဦး ဖြင့် ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး (၁၀)ဦးစာရင်းတွင်ပါဝင်ခဲ့သည်။

ရိုက်ကူး - ဘိုဘို မဇ္စျိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly