ရီးယဲလ်မက်ဒရစ်မှာ ‘ဂလက်တီကို’ဖြစ်လာချင်တဲ့ ဟာဇက်

ရီးယဲလ်မက်ဒရစ်မှာ ‘ဂလက်တီကို’ဖြစ်လာချင်တဲ့ ဟာဇက်
Photos: EPA

အီဒင်ဟာဇက်က သူဟာ ရီးယဲလ်မက်ဒရစ်မှာ 'ဂလက်တီကို' (ကြယ်စင်စု)ထဲက ကစားသမားတစ်ယောက်ဖြစ်ချင်တယ်လို့ ကြာသပတေးနေ့က ပြောဆိုခဲ့ပြီး သူ့ရဲ့ကစားသမားဘဝ ပြီးပြည့်စုံတဲ့ အခိုက်အတန့်မှာ ကလပ်အသင်းနဲ့ ပူးပေါင်းခဲ့တယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

ချယ်လ်ဆီးမှ အပြောင်းအရွှေ့အတွက် ကာလကြာရှည်စွာ စောင်းဆိုင်းခဲ့ရတဲ့ ဟာဇက်ဟာ ပြီးခဲ့တဲ့အပတ်က ပြောင်းရွှေ့မှုအတည်ပြုခဲ့ပြီးနောက် ဘယ်လ်ဂျီယံကစားသမားဟာ ဆန်တီယာဂိုဘာနေဗျူးမှာ ပရိသတ် (၅၀,၀၀၀) ဝန်းကျင် ရှေ့မှောက်မှာ မိတ်ဆက်ခဲ့ပါတယ်။

"ကျနော်ဟာ အခုထိ ကလက်တီကို ကစားသမားတစ်ယောက်မဟုတ်သေးပါဘူး။ ဒါပေမယ့် တစ်နေ့ဖြစ်လာမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။"လို့ ဟာဇက်က မိတ်ဆက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"အတိတ်ကာလမှာ အရာအားလုံးကို ကျနော် ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပေမယ့် သုညကနေ နောက်တစ်ကြိမ် စတင်ရသလိုဖြစ်ပါလိမ့်မယ်။ ကျနော် ကြယ်စင်စုထဲက ကစားသမားမဟုတ်ပါဘူး။ ကျနော်ဟာ အီဒင်ဟာဇက်၊ အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်သာဖြစ်ပါတယ်။"

ရီးယဲလ်အသင်းဟာ လာမယ့်ရာသီအတွက် ကစားသမား (၅)ဦးအထိ ဝယ်ယူထားပြီးဖြစ်ပါတယ်။ ဒီဒင်ဟာဇက်၊ အီဒါ မီလီတို၊ ရိုဒီရီဂို၊ မန်ဒီနဲ့ လူကာဂျိုဗစ်တို့ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly