စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်ကြီးကို ဘက်စုံမွမ်းမံပြုပြင်နေ

စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်ကြီးကို ဘက်စုံမွမ်းမံပြုပြင်နေ

မကွေး ၊ ဇွန် ၁၃ ။           ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော် ရာ စေတီကြီးကို ပုဂံခေတ်လက်ရာများဖြည့်စွက်ကာ ဘက်စုံမွမ်းမံပြုပြင်လျက်ရှိကြောင်း မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ပြောသည်။

အဆိုပါ ဘက်စုံပြုပြင်ခြင်းကို ဇေကမ္ဘာမိသားစုမှ ပဓာနဒါယကာပြုကာ ကျိုက်ထီးဆောင်း ငါးသုံးလီ မိသားစုနှင့် ခုနှစ်ရက်သားသမီးတို့၏ အလှူဒါန လုပ်အားဒါနတို့ဖြင့် ဘက်စုံမွမ်းမံပြုပြင်နေခြင်း ဖြစ်သည်။

“တောင်ဘက်မုခ်မှာ မနှစ်ကပုဂံခေတ်လက်ရာမုခ်ဦးကြီးနဲ့ ကားပါကင်တွေလုပ်ခဲ့ပါတယ်။ရေစက်ချပွဲမှာသာသနာ ရေးဝန်ကြီးကိုရွှေသင်္ကန်းကပ်ဖို့ရှိတဲ့အကြောင်းတင်ပြလိုက်ပါတယ်။ ဝန်ကြီးကမြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နဲ့ နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း (ဗဟို)ဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါက်တာခင်ရွှေကို ဖိတ်ကြားပြသပြီးတဲ့ နောက်မှာ ဒီလို ဘက်စုံလှူဒါန်းမှုတွေ ဖြစ်လာတာပါ” ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

ဘက်စုံပြုပြင်မွမ်းမံရာတွင်စေတီတော်ကြီး၏မူလထီးတော်ဟောင်းကို ပယ်ကာရတနာစိန်ဖူးတော်၊ရတနာငှက်မြတ်နားတော်၊မကိုဋ်သုံးဆင့် ရွှေထီးတော်သစ်ဆက်ကပ်ခြင်း  ထီးတော်ဟောင်းအစားထီးစေတီအသစ် တည်ထားကိုးကွယ် ခြင်း နှင့် လုံးတော်ပြည့် ရွှေရောင်စတီးသင်္ကန်း ကပ်လှူခြင်းများ ကို လုပ်ဆောင်နေပြီး ဇူလိုင်လ ၁၃ရက်နေ့၌ ရေစက်ချအခမ်းအနား ပြုလုပ်သွားမည်ဟု သိရသည်။

“ဘုရားရှင်ရဲ့မုဒြာအစုံပါဝင်တဲ့ပုဂံခေတ်လက်ရာ ကျောက်ခွက်ဘုရားအဆူ(၅၀)ကိုဖြည့်စွက်တည်ထားခြင်း  များလည်းလုပ်ဆောင်နေပြီးဒီဇင်ဘာလမှာဘက်စုံပြုပြင်မှုများပြီး  စီးရင်အလှူရှင်များရဲ့လှူဒါန်းမှုတန်ဖိုးကိုတွက် ချက်နိုင်မှာ ဖြစ်ပါတယ်။ ဘုရားကြီးရဲ့ နဝကမ္မငွေ ကျပ် သိန်းတစ်ထောင်ကို အသုံးပြုပြီး ဘုရားပတ်လည် မီးကြိုးများသွယ်တန်းခြင်း ၊ ထရန်စဖော်များထိုင်ခြင်း ၊ အများသုံး သန့်စင်ခန်းများ တည်ဆောက်ခြင်းတို့ကိုလည်း လုပ်ဆောင်နေပါတယ်”ဟု  ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required