ထိုင်ဝမ်မှာ တစ်ကိုယ်တော်တေးစီးရီး ပရိုမိုးရှင်းပွဲ လုပ်ခဲ့တဲ့ ဟောင်ကောင် မင်းသားကြီး ဂျက်ကီချန်း

ထိုင်ဝမ်မှာ တစ်ကိုယ်တော်တေးစီးရီး ပရိုမိုးရှင်းပွဲ လုပ်ခဲ့တဲ့ ဟောင်ကောင် မင်းသားကြီး ဂျက်ကီချန်း

ဇွန် ၁၃ ။          ။ ဟောင်ကောင် ကွန်ဖူး စူပါစတား မင်းသားကြီး ဂျက်ကီချန်းကတော့ ၎င်းရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ တစ်ကိုယ်တော် တေးစီးရီး ပရိုမိုးရှင်းပွဲတစ်ခုကို ထိုင်ဝမ်မှာ လာလုပ်သွားခဲ့ပါတယ်။

ဂျက်ကီချန်းကတော့ “I Am Me-Jackie Chan” လို့ နာမည်ပေးထားတဲ့  ၎င်းရဲ့ တစ်ကိုယ်တော်ခွေကို ဇွန်လ ၁၂ ရက်က ထိုင်ဝမ်မှာ ပရိုမိုးရှင်းပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။

ယင်း ခွေကို ထုတ်လုပ်ဖို့အတွက် အချိန် လေးနှစ်လောက် ယူခဲ့ရတယ်လို့လည်း သိရပါတယ်။

“ ဒီထဲမှာ ကျွန်တော့်ဘဝရဲ့ ဇာတ်လမ်းတွေ ပါ ပါတယ်၊ ကျွန်တော် ချစ်ရတဲ့ သူတွေ၊ ကျွန်တော်ထားခဲ့ရပြီး နောက်ထပ် သူတို့ကို တွေ့ရမှာမဟုတ်တော့တဲ့ လူတွေနဲ့ပတ်သက်တဲ့ သီချင်းတွေဖြစ်ပါတယ်၊ ကျွန်တော့်သား လမ်းကြောင်းမှားကို ရောက်သွားချိန်တုန်းက သူ့ကို ရည်ရွယ်ခဲ့တဲ့ သီချင်းတွေလည်း ပါ ပါတယ်၊ နောက်ပြီး ကျွန်တော့်ကို လက်မလျှော့ဖို့ ပြောထားတဲ့ ကျွန်တော့်သားဆီက သီချင်းတွေလည်း ပါ ပါတယ်၊ ကျွန်တော့် ဇနီး၊ ကျွန်တော့် အဖေ၊ အမေ၊ ကျွန်တော့် ပရိသတ်၊ ကျွန်တော့် မိတ်ဆွေ သူငယ်ချင်းတွေ သူတို့နဲ့့ ပတ်သက်တဲ့ သီချင်းတွေလည်း ပါ ပါတယ်” လို့ ဂျက်ကီချန်းက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly