မသန်ပေမဲ့ စွမ်းသူများ သို့မဟုတ် ရေကူးအားကစားဖြင့်  နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ ကစားသမားများ

13 June 2019
မသန်ပေမဲ့ စွမ်းသူများ သို့မဟုတ် ရေကူးအားကစားဖြင့်  နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ ကစားသမားများ

မသန်ပေမဲ့လည်း စွမ်းပါတယ်ဆိုတဲ့သူတွေကို သေချာလေ့ကျင့်သင်ကြားပေးပြီး ပြုစုပျိုးထောင်ပေးနေတဲ့ နေရာတစ်ခု ရှိပါတယ်။ 

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ၊ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း ကနေ  နိုင်ငံဂုဏ်ဆောင်အားကစားသမားတွေကို ၂၀၀၁ ခုနှစ်မှ စတင်ပြီး မွေးထုတ်ပေးနေတာပါ။

ရေကူးချန်ပီယံ နိုင်ငံကိုယ်စားပြုအားကစားသမား ကိုအောင်မြင့်မြတ်နဲ့ ကိုအောင်ငြိမ်းဦးတို့ကို မဇ္ဈိမ သတင်းထောက် ထွန်းထွန်းဝင်းက သွားရောက်ရိုက်ကူးထားပါတယ်။ 

ရိုက်ကူး၊တည်းဖြတ်-ထွန်းထွန်းဝင်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly