ရှန်ဟိုင်းက နည်းပညာပြပွဲမှာ ပြုသမျှ နုရခံနေရတဲ့ ဒေါ်နယ်ထရမ့်

ရှန်ဟိုင်းက နည်းပညာပြပွဲမှာ ပြုသမျှ နုရခံနေရတဲ့ ဒေါ်နယ်ထရမ့်

ရှန်ဟိုင်း၊ ဇွန် ၁၂ ။           ။ ဒါဟာ တရုတ်နိုင််ငံကို နညး်ပညာနဲ့ စည်းကြပ်ခွန်တွေနဲ့ ကုန်သွယ်ရေး ထိုးစစ်ဆင်နေတဲ့ ထရမ့်ကို ကိုယ်ထိလက်ရောက် တုံ့ပြန်တာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် တရုတ်ပြည်သူတွေအတွက်တော့ အမေရိကန််သမ္မတ ဒေါ်နယ်ထရမ့်ကို စိတ်ထင်တိုင်း ထုနှက်ပြီး စိတ်ဖြေနိုင်စရာ ဖြစ်မှာကတော့ ကျိန်းသေပါတယ်။

ရှန်ဟိုင်းမှာ ပြုလုပ်တဲ့ အာရှ သုံးစွဲသူ အီလက်ထရောနစ်ပြပွဲ CES Asia မှာ ဂျပန်ကုမ္ပဏီတစ်ခုဖြစ််တဲ့ Soliton Systems က စိတ်ထွက်ပေါက် အခန်းငယ်ဆိုတဲ့ နည်းပညာကို လာရောက်ပြသပါတယ်။

သူတို့ ပြသတဲ့ နည်းပညာဟာ အဆင့်အတန််း နိမ့်ပေမယ့် စိတ်ဖြေလျှော့မှု ပေးနိုင်လိမ့်မယ်လို့ ကုမ္ပဏီက အာမခံစကားဆိုပါတယ်။

အဲဒီ စိတ်ထွက်ပေါက်အခန်းငယ်မှာ ထရမ့်နဲ့ တစ်ပုံစံတည်းတူတဲ့ ထရမ့်ရဲ့ ဦးခေါင်းပုံ ပန်းပွားအရုပ်ကို ထားထားပေးပါတယ်။ ပြီးတော့ ကောင််းကောင်းကြီး ထုနှှက်နိုင်ဖို့ တူလည်း ရှိနေပါတယ်။

စိတ်ဖိစီးမှုတွေ ဖြေလျှော့ချင်ကြသူတွေဟာ အဲဒီီ ထရမ့်ရဲ့ ဦးခေါင်းကို စိတ်ရှိတိုင်း အားရအောင် တူနဲ့ ထုနှှက်ကြရတာပါ။

စပရိန် လည်တိုင်ကြောင့် ထုနှက်လိုက်တိုင်း ထရမ့်ရဲ့ ခေါင်းဟာ လှုပ်လီလှုပ်လဲ့ ဖြစ်နေအောင် ဖန်တီးထားပြီး ဘယ်လောက်ထုထု ကွဲကြေတာမျိုး မဖြစ်အောင်တော့ တီထွင်ထားပါတယ်။

“အမေရိကန်သမ္မတ ထရမ့်အပေါ် မေတ္တာထားလို့ မရဘူး။ ဘာကြောင့်လည်းဆိုတော့ သူဟာ တရုတ်နဲ့ သိပ်ပြီး အစေးမကပ်တာကြောင့်ပဲ။”လို့ ပြပွဲကို လာရောက်တဲ့ ဝန်တုံယွဲ့ဆိုတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီ ပြပွဲမှာ လာရောက်တဲ့ နောက်ထပ်အမျိုးသားတစ်ဦးကလည်း “အဲဒီ ထရမ့်ခေါင်းကို ကျွန်တော်ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ထိုးနှက်ကန်ကျောက်လို့ရရင် ပိုကောင်းမယ် ထင််တယ်။ တူနဲ့ကျတော့ အားမရဘူး။”လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်တာကြောင့် တရုတ်ကလည်း လက်တုံ့ပြန်ရာကနေ နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလျက်ရှိတာပါ။

အဲဒီလို ကုန်သွယ်ရေးစစ်အတွင်းမှာပဲ တရုတ်ရဲ့ နည်းပညာကုမ္ပဏီကြီး ဟွာဝေးကို နာမည်ပျက်စာရင်း သွင်းလိုက်ပြန်တာကြောင့် တင်းမာမှု ပိုအရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required