ယူကရိန်းမှာ စိတ်ကျန်းမာရေးဆေးရုံ မီးလောင်၍ ခြောက်ဦး သေဆုံး

ယူကရိန်းမှာ စိတ်ကျန်းမာရေးဆေးရုံ မီးလောင်၍ ခြောက်ဦး သေဆုံး

ကိဗ်၊ ဇွန် ၁၂ ။           ။ ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့က စိတ်ကျန်းမာရေးဆေးရုံမှာ မီးလောင်မှုဖြစ်ပြီး လူ ခြောက်ဦး သေဆုံးတယ်လို့ အာဏာပိုင်တွေက ဇွန် ၁၂ ရက်က ပြောပါတယ်။

တစ်ထပ်အဆောက်အအုံဖြစ်တဲ့ အဲဒီ ဆေးရုံမှာ ဇွန် ၁၁ ရက် ညပိုင်းက မီးလောင်တာဖြစ်ကြောင်း ယူကရိန်း အရေးပေါ်ဌာနက ထုတ်ပြန်ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ သေချာမသိရသေးပါ။

“အခု မီးလောင်မှုမှာ ခြောက်ဦး သေဆုံးရပြီး ဒဏ်ရာရလို့ ဆေးရုံတင်ကုသပေးထားရသူ လေးဦး ရှိပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အနာတရမဖြစ်ဘဲ လွတ်မြောက်သူ ကိုးဦး ရှိပါတယ်။

စိတ်မကောင်းဖွယ် ဒီအဖြစ်အပျက်ကြောင့် ဝမ်းနည်းရကြောင်း ယူကရိန်းသမ္မတ ဗိုလော့ဒိုင်မိုင်းယားဇီလန်စကီးက ပြောပြီး ဝန်ကြီးချုပ် ဗိုလော့ဒိုင်မိုင်းယားဂရွိုင်မန်းကို စုံစမ်းရေးကော်မတီ ဖွဲ့စည်းဖို့ ညွှန်ကြားထားပါတယ်။

“မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ပါမယ်။ မီးဘေးကြုံရသူတွေရဲ့ ကျန်ရစ််သူမိသားစုအတွက် စိတ်မကောင်းကြောင်း ပြောလိုပါတယ်။”လို့ သမ္မတက တွစ်တာမှာ ရေးသားပါတယ်။

ယူကရိန်းနိုင်ငံဟာ ဆိုဗီယက်ဟောင််းနိုင်ငံဖြစ်တာကြောင့် ခေတ်မမီတော့တဲ့ အခြေခံအဆောက်အအုံတွေနဲ့ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်တွေ ညံ့ဖျင်းတာကြောင့် လူသေဆုံးရတဲ့ မီးဘေး မကင်းတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required