တတိယနှစ်ကျောင်းသူ အသတ်ခံရမှု  ၅ လကျော်သည်အထိ သံသယရှိသူကို ဖမ်းမမိသေး

11 June 2019
တတိယနှစ်ကျောင်းသူ အသတ်ခံရမှု  ၅ လကျော်သည်အထိ သံသယရှိသူကို ဖမ်းမမိသေး

ဧရာဝတီတိုင်းမှ လှိုင်သာယာမြို့နယ်သို့ ရောက်ရှိလာပြီး အလုပ်လာရောက်ရှာဖွေခဲ့သည့် မြန်မာစာ တတိနှစ်ကျောင်းသူ မဥမ္မာခိုင်သေဆုံးမှုအတွက် အဓိကသံသယရှိသူမှာ ၅လကျော်သည် အထိ ထွက်ပြေးလွတ်မြောက်နေကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ သေဆုံးမှုအတွက် လှိုင်သာယာမြို့မရဲစခန်းနှင့် တောင်ဥက္ကလာမြို့မရဲစခန်းတို့တွင် အမှုဖွင့် ထားသောကြောင့် ရဲတပ်ဖွဲ့မှစုံစမ်းနေသော်လည်း သံသယရှိသူ မျိုးမြင့်အောင်မှာ ယခု အချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း တောင်ဥက္ကလာပရဲစခန်းမှူး ဒုရဲမှူးရွှေဌေးက အတည်ပြု ပြောသည်။

ရိုက်ကူး/တည်းဖြတ် -  စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57741
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly