၂၀၁၅ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရ

၂၀၁၅ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရ
ဖိလစ်ပိုင်ကို နိုင်ပြီးအောင်ပွဲခံနေသော မြန်မာဖူဆယ်အသင်း။

စက်တင်ဘာ ၈၊ ရန်ကုန်။               ။ ၂၀၁၅ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာဖူဆယ်အသင်းသည် ဖိလစ်ပိုင် ဖူဆယ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၁၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

အဆိုပါပွဲတွင် မြန်မာအသင်းမှ နိုင်ရဲကျော် သုံးဂိုး၊ ကျော်စိုးမိုး၊ ထက်မြက်နိုင် တို့က နှစ်ဂိုးစီ နှင့် ငြိမ်းမင်းစိုး၊ ပြည့်ဖြိုးမောင်၊ ပြည့်ဖြိုးမောင် (၂)၊ ခင်ဇော်လင်း၊ အောင်ဇင်ဦးနှင့် ရဲရင့်ဦး တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။

 ၂၀၁၅ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ (၈) ရက်မှ (၁၆) ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး အာဆီယံ ဆယ်နိုင်ငံလုံး ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု (ခ) တွင် ဗီယက်နမ်၊ သြစတြေးလျ၊ လာအို၊ ဖိလစ်ပိုင် စသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီး လက်ရှိတွင် သုံးမှတ်ရရှိကာ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

အခြားအုပ်စုဖြစ်သည့် အုပ်စု (က) တွင် အိမ်ရှင် ထိုင်းအသင်းနှင့် အတူ တီမော၊ ဘရှုနိုင်း၊ မလေးရှား၊ စင်ကာပူ စသည့်အသင်းများ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသည် လာမည့် ၂၀၁၆ အာရှ ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ၏ ခြေစစ်ပွဲပုံစံဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်သည့် လေးသင်းမှာ ဥဇဘတ်ကစ္စတန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required