ဆရာတော် ဦးဝီရသူအတွက် လမ်းလျှောက်ဆုတောင်းပွဲ ရန်ကုန်တွင် ထပ်မံ ပြုလုပ် 

11 June 2019
ဆရာတော် ဦးဝီရသူအတွက် လမ်းလျှောက်ဆုတောင်းပွဲ ရန်ကုန်တွင် ထပ်မံ ပြုလုပ် 

ဖမ်းဝရမ်း ထုတ်ခံထားရသည့် မဘသ ဆရာတော် ဦးဝီရသူအတွက်  စတုတ္ထအကြိမ်မြောက် ဆုတောင်းပွဲ တစ်ရပ်ကို ဇွန် ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် ရာဂဏန်းခန့်ရှိသော ရဟန်းနှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးရှိ ကြေးသွန်းဘုရားအရှေ့မှ စတင်ပြီး မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက် ဆုတောင်းခဲ့ကြသည်။

မေ ၅ ရက်က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး (၃)ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် မေ ၂၈ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့မှုကို တရားရုံးမှ လက်ခံကာ ဖမ်းဝရမ်း ထုတ်ပေးခဲ့ပြီး ဇွန် ၄ ရက်ကို ဖမ်းဝရမ်း နောက်ဆုံး ရက်အဖြစ် သတ်မှတ်ထားသည်။

ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57747
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags