ဘရာဇီး ဘတ်စ်ကား မတော်တဆမှု လူ ၁၇ ဦး သေဆုံး

ဘရာဇီး ဘတ်စ်ကား မတော်တဆမှု လူ ၁၇ ဦး သေဆုံး

ဇွန် ၁၀ ။            ။ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းမှာ ယမန်နေ့ ဇွန်လ ၉ ရက် ညပိုင်းက ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပြီး အနည်းဆုံး လူ ၁၇ ဦး သေဆုံးသွားတယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

လူပေါင်း ၄၀ ကို တင်ဆောင်မောင်းနှင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ အခြား ကားအများအပြားကို ဝင်တိုက်ခဲ့မိမှုကြောင့် ခုလို လူအမြောက်အမြား သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဆော်ပေါ်လိုမြို့ကနေ မိုင် ၁၁၀ အကွာမှာ ရှိတဲ့ ကမ်ပို့စ် ဒီ ဂျော်ဒေါင် ဧရိယာရဲ့ မီးသတ်ဌာနကလည်း ယခု ဖြစ်စဉ်ကို အေအက်ဖ်ပီထံ အတည်ပြုပြောကြားပါတယ်။

ယခုဖြစ်စဉ်မှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးက  အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ကာ အခြားကားတွေကို ဝင်တိုက်ခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

ပြည်တွင်း မီဒီယာတွေရဲ့ဖော်ပြချက်အရ လူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မျက်မြင်တစ်ဦးက ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာလည်း ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့တဲ့ ကားတစ်စီး အကြီးအကျယ် ပျက်စီးသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဘရာဇီးနိုင်ငံ လမ်းတွေပေါ်မှာ ဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆမှုတွေအတွင်း လူပေါင်း ၄၁,၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာတစ်စောင်ထဲမှာ ဖော်ပြထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly