ပြင်သစ်မှာ တောတွင်း ဝံပုလွေကောင်ရေ တိုးပွားလာနေမှုကို ထိန်းချုပ်ဖို့ အစိုးရက အရှိန်မြင့်လုပ်ဆောင်

ပြင်သစ်မှာ တောတွင်း ဝံပုလွေကောင်ရေ တိုးပွားလာနေမှုကို ထိန်းချုပ်ဖို့ အစိုးရက အရှိန်မြင့်လုပ်ဆောင်

ဇွန် ၁၀ ။       ။ ပြင်သစ်နိုင်ငံမှာ ယမန်နှစ်ကစလို့ ဝံပုလွေ ကောင်ရေ သိသိသာသာ ခုန်တက်လာခဲ့တဲ့အတွက် ယင်း အသားစားသတ္တဝါ ကောင်ရေ တိုးပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရက အစီအစဉ်တွေ ရေးဆွဲပြီး အရှိန်မြင့်လုပ်ဆောင်နေရလျက် ရှိပါတယ်။

ယင်းနိုင်ငံမှာ တောတွင်း သဘာဝအလျောက် နေထိုင်ကျက်စားတဲ့ ဝံပုလွေ ကောင်ရေဟာ မျှော်မှန်းထားတာထက် မြန်မြန်ဆန်ဆန် တိုးပွားလာနေမှုကြောင့် အစိုးရအနေနဲ့ ယင်း ဝံပုလွေတွေကို သုတ်သင်ရှင်းလင်းမှုတွေ အရှိန်မြင့်သွားနိုင်ဖို့နဲ့ ခြံမွေးတိရစ္ဆာန်တွေကို ယင်းဝံပုလွေ ရန်ကနေ ကာကွယ်ပေးနိုင်ဖို့ တို့အတွက် ကြိုးပမ်းအားထုတ်လာနေရလျက် ရှိပါတယ်။

တောရိုင်းတိရစ္ဆာန် စောင့်ကြည့်ရေး အေဂျင်စီ ONCFS ရဲ့ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း ပြင်သစ် နယ်နမိတ်အတွင်း ဝံပုလွေကောင်ရေဟာ ပျမ်းမျှ ကောင်ရေ ၅၃၀ အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ယင်းကတော့ အစောပိုင်းကာလတုန်းက ရေတွက်ထားခဲ့တဲ့ ကောင်ရေနှုန်းထက် ၂၃ ရာခိုင်နှုန်းအထိ ပိုများလာခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်မှာတော့ လွန်ခဲ့တဲ့ ၁၉၃၀ လောက်က ဝံပုလွေတွေ အမဲလိုက်ခံရလို့ မျိုးသုဉ်းလုနီး ဖြစ်ခဲ့ပေမယ့် ၁၉၉၀ လောက်မှာ တစ်ဖန် ကောင်ရေတွေ ပြန်တိုးလာခဲ့တာဖြစ်ပါတယ်။

ခုလို ဝံပုလွေ ကောင်ရေ တိုးလာခြင်းနဲ့အတူ ယင်းတို့က ခြံမွေးတိရစ္ဆာန်တွေကို ပိုမိုခြိမ်းခြောက်သတ်ဖြတ်လာနိုင်တဲ့အတွက် ပြင်သစ် တောင်သူတွေကို ပိုမိုစိုးရိမ်ပူပန်စေလျက် ရှိပါတယ်။

ယမန်နှစ်တုန်းက ဝံပုလွေ တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၃,၆၇၄ ခု ဖြစ်ခဲ့့ပြီး ယင်းဖြစ်စဉ်တွေအတွင်း သိုးအပါအဝင် ခြံမွေးတိရစ္ဆာန် ကောင်ရေ ၁၂,၅၀၀ လောက် သေကျေဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly