နို့နှင့်နို့ထွက်ထုတ်ကုန်များ မသောက်သုံးမီ သိထားသင့်သည့် အချက်များ

နို့နှင့်နို့ထွက်ထုတ်ကုန်များ မသောက်သုံးမီ သိထားသင့်သည့် အချက်များ

ရေးသားသူ Dr. Thurein Hlaing Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 
ဇွန်လ တစ်ရက်ကို World Milk Day အဖြစ်သတ်မှတ်ထားကြပါတယ်။ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ နိုင်ငံပေါင်းတစ်ရာကျော်ဟာ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအရင်းအမြစ်ဖြစ်တဲ့အပြင် အာဟာရတွေနဲ့ ပရိုတင်းဓာတ်အပြည့်ပါတဲ့ နို့ရဲ့ကောင်းကျိုးတွေကို ဂုဏ်ပြုတဲ့အနေနဲ့World Milk Day ရောက်တိုင်း နို့သောက်ခြင်း၊ နို့ဘူးတွေ လက်ဆောင်ပေးခြင်းဖြင့်ပါဝင်ဆင်နွှဲလေ့ ရှိပါတယ်။

ဒါပေမယ့် ကိုယ်တိုင်သောက်နေတဲ့ နို့ ဒါမှမဟုတ် ချစ်ခင်ရသူတွေသောက်ဖို့အတွက် လက်ဆောင်ပေးလိုက်တဲ့ နို့တွေဟာ အာဟာရဓာတ်တွေအပြည့်အဝပါဝင်ပြီး သောက်သုံးဖို့ စိတ်ချရတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ

အစားအသောက် ဘေးဥပဒ်ကင်းရှင်းမှုအပေါ် ဂရုပြူမှုနည်းပါးခြင်းဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီး တစ်ခုဖြစ်နေဆဲပါ။ တစ်ခါတလေ ဘယ်ကမှန်းမသိရတဲ့  အရောအနှောပါတဲ့အစားအသောက်တွေ၊ ထုပ်ပိုးမှု သေချာ မပြုလုပ်ထားတဲ့ အစားအသောက်တွေဟာ ဘေးဥပါဒ်မကင်းဘဲ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေ သူတို့မှာ အများပါဝင်နေတတ်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိဖို့၊ အာဟာရရှိပြီး သောက်သုံးလို့ စိတ်ချရတဲ့ နို့ဖြစ်ဖို့  ဆိုတာကလည်း ဝယ်ယူတဲ့ သူအပေါ် အများကြီး မူတည်နေတဲ့အရာပါ။

ဒီတော့ ကိုယ်သောက်နေတဲ့ နို့တွေဟာ ကျန်းမာရေးအတွက် စိတ်ချရဆုံး၊ အကောင်းဆုံးသောထုတ်ကုန်တွေ ဖြစ်နေရဲ့လားဆိုတာ ဘယ်လိုသိနိုင်မလဲ။ ကဲ..ခုပဲ ဖော်ထုတ်ရှာဖွေလိုက်ကြရအောင်။

Inbetween image

၁ ။ စားသောက်ကုန်တစ်ခုအတွက် အဓိကအရေးအကြီးဆုံးကတော့ ယုံကြည်စိတ်ချရမှုရှိဖို့ပြဲဖစ်ပါတယ်။

အရည်အသွေးစိတ်မချရတဲ့စားသောက်ကုန်တွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ကင်ဆာရောဂါအပါအဝင် ရောဂါအမျိုးအစားပေါင်း ၂၀၀ ကျော် ဖြစ်နိုင်တယ်ဆိုတာသင်သိပါသလား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အဆိုအရ မသန့်ရှင်းတဲ့ ၊ ပုပ်သိုးနေတဲ့ အစားအသောက်တွေမှာ ဘတ်တီးရီးယားတွေ၊ ရောဂါပိုးတွေ၊ ကပ်ပါးကောင်တွေ နဲ့ ဓာတုပစ္စည်းတွေပါဝင်ပြီး၊ သူတို့ကြောင့် နှစ်စဉ်နှစ်တိုင်းလူဦး ရေ ၄၂၀,ဝဝဝအထိ သေဆုံးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စိတ်ချရတဲ့ အစားအသောက်တွေစားဖြစ်ဖို့ဟာ လူသားအားလုံးဂရုတစိုက်ထည့်သွင်းစဉ်းစားသင့်တဲ့အချက် ဖြစ်လာနေပါပြီ။ ကိုယ်ရဲ့ အစားအသောက်ပုံစံဟာ နေ့စဉ်လိုအပ်ချက်တွေနဲ့ တိုက်ရိုက်အချိုးကျသင့် တဲ့အပြင် ကိုယ်စားလိုက်တဲ့ အစားအသောက်တွေဟာလည်း ကျန်းမာအတွက် တကယ်ကို အထောက်အကူပြုတဲ့ အရာတွေပဲဲ  ဖြစ်နေသင့်ပါတယ်။

၂။ နေရာတိုင်းမှာရှိတဲ့ ဘက်တီးရီးယားတွေကိုလည်း မေ့ထားလို့မရသေးပါဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ အလွန်သေးငယ်တွေပိုးမွားတွေ သန်းနဲ့ချီရှိပါတယ်။ သူတို့ဟာ လက်တွေ၊ ဖုန်းတွေ နဲ့ ကြမ်းခင်းမျက်နှာပြင်တွေပေါ်မှာ အလွယ်တကူကပ်နေနိုင်လို့ သင့်ဆီကို အချိန်မရွေးရောက်လာနိုင်ပါတယ်။ အထူးသဖြင့် ဖုန်တထောင်းထောင်းထနေတဲ့ လမ်းဘေးစားသောက်ဆိုင်တွေက အစားအစာတွေကိုစားလိုက်တဲ့အခါမျိုး၊ လက်မဆေးဘဲ အစားစားလိုက်တဲ့အခါမျိုးနဲ့ စျေးကဝယ်လာတဲ့ အသီးအရွက်အသားငါးတွေကို သေချာစင်အောင် မဆေးဘဲစားလိုက်တဲ့အခါမျိုးမှာ ပါလာတဲ့ဘက်တီးရီးယားတွေက သင့်ကို ဖျားနာစေမှာပါ။ ဘာမှ မစားရဲတော့ဘူးဖြစ်နေပြီ။ ဘယ်လိုလုပ်ကြမလဲ။ ။

စိတ်မပူပါနဲ့။ ဒီဆောင်းပါးထဲမှာဘက်တီးရီးယားကင်းတဲ့ အစားအသောက်တွေကို ဘယ်လိုရွေးချယ်ဝယ်ရမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆက်ပြီး ဖတ်ကြည့်ပေးဦးနော် ။ ။

၃။ နို့ထွက်ပစ္စည်းတွေကို ဝယ်တဲ့အခါ UHTဆိုတဲ့ စာတန်းလေးပါတာကို  ရွေးချယ်ဝယ်ယူသင့်ပါတယ်။

နို့ထဲမှာ ပါတဲ့ ဘက်တီးရီးယားတွေ အကုန်စင်သွားဖို့အတွက်ဆို အိမ်က သာမန်ဆူပွက်ရုံအပူချိန်နဲ့ ကျိုချက်လို့ မရပါဘူး။ အပူချိန်ပြင်းပြင်းနဲ့ ကျိုချက်မှ နို့ထဲက ဘက်တီးရီးယားတွေ အကုန်စင်သွားမှာပါ။ ဒီတော့ UHT ( Ultra High Temperature) ဆိုတဲ့ အပူချိန် ပြင်းပြင်းက အရေးကြီးလာပြီပေါ့ ။

UHT ပါတဲ ့ထုတ်ကုန်တွေကို ရွေးချယ်ဝယ်ယူသင့်တဲ့အကြောင်းကတော့ UHT ဟာနို့ ထဲပါတဲ့ ဘက်တီးရီးယားတွေ အားလုံးကို ၄ စက္ကန့်အတွင်း အကုန် ဖယ်ရှားပေးတယ်ဆိုပေမယ့် နွားနို့ရဲ့ အာဟာရဓာတ်နဲ့ ကျန်းမာရေးအကျိုးပြုမှုတွေ မပျက်အောင်လည်း ဆက်ထိန်းထားပေးနိုင်ပါတယ်။ ဒါ့ကြောင့် UHT( Ultra High Temperature ) အတွင်း ကျိုချက်ပြီး ထုတ်လုပ်ထားတဲ့ နို့ထွက်ထုတ်ကုန်တွေကို ရွေးချယ်မှသာ ကျန်းမာရေးအတွက် စိတ်ချရမှာပါ။

၄။ စက္ကူဘူးခွံနဲ့ ထုတ်ပိုးထားတာက ဘာ့ကြောင့်ပိုကောင်းတာလဲ……..

နို့တွေကို သေချာကျိုချက်ထားရုံနဲ့ မပြီးပါဘူး။ ကျိုချက်သန့်စင်ထားတဲ ့နို့တွေကို ထုတ်ပိုးတဲ့အဆင့်ကလည်း အရေးပါပါသေးတယ်။ ထုတ်ပိုးတဲ့နေရာမှာ ပလတ်စတစ်ဘူးအစား စက္ကူဘူးနဲ့ ထုတ်ပိုးတာဟာ အကောင်းဆုံးနဲ့ ကျန်းမာရေးအတွက် အလုံခြုံဆုံးပါ။ ပလတ်စတစ်ဘူးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေ စက္ကူဘူးတွေမှာ မပါတာရယ် ၊ စက္ကူဘူးတွေနဲ့ ထုတ်ပိုးထားတဲ့နို့ထွက်ကုန်တွေကို အအေးခန်းအတွင်းသိမ်းဆည်းဖို့ မလိုဘဲ သာမန်အပူချိန်မှာတင် ထားရှိနိုင်တာရယ်ကြောင့်  စက္ကူဘူးတွေက ကျန်းမာရေးအတွက် ပိုပြီးသင့်တော်စေမှာ အသေအချာပါ။

Tetra Pak ကုမ္ပဏီဟာ အစားအသောက်ထုတ်လုပ်မှုအပိုင်း နဲ့ ထုပ်ပိုးမှု အပိုင်း ဝန်ဆောင်မှုများကို ပေးနေတဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတစ်ခုပါ။ ရာနှုန်းပြည့် အလင်းရောင်၊ အောက်စီဂျင်နဲ့ ဘတ်တီးရီးယားတွေကနေ ကာကွယ်ပေးတဲ့ ပိုးမွှားကင်း ကတ်ထူစက္ကူ အလွှာ ၆ လွှာပါဝင်တဲ့ ဘူးများကို ထုတ်လုပ်ဖြန့်ဖြူးပေးနေပြီး စိတ်ချယုံကြည်ရတဲ့အစားအသောက်တွေကို နေရာတိုင်း အလွယ်တကူရရှိနိုင်စေရေးအတွက် ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပါ။

စက္ကူဘူးခွံနဲ့လည်း ထုပ်ပိုးထားတယ်၊ UHT လည်းပါတဲ့ နို့ထွက်ထုတ်ကုန်တွေကို ဘယ်လိုရှာဖွေဝယ်ယူနိုင်သလဲ…….

အရမ်းကြီးလည်း ခေါင်းစားမသွားပါနဲ့။ Tetra Pak က နို့ထုတ်တဲ့ ကုမ္ပဏီ တစ်ခု မဟုတ်ပေမယ့် Vito, MILO, Dutch Mill, Chokchai Farm, Ovaltine, Lactasoy, Abevia, Bolt, PEP, Marigold နဲ့ Cow Head စတဲ့ စျေးကွက်ထဲက နို့ဘူးတံဆိပ်တွေရဲ့ စက္ကူဘူးပေါ်မှာ  Tetra Pakအမှတ်တံဆိပ်ကိုအလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်။ Tetra Pak အမှတ်အသားပါရင်တော့ အာဟာရပြည့်ဝစွာထုပ်ပိုးထားတဲ့ထုတ်ကုန်တစ်ခုဖြစ်တယ်ဆိုတာ  အပြည့်အဝသာ ယုံကြည်လိုက်ပါတော့ ။

၅။ UHT အောက် ထုတ်ထားတာဖြစ်လို့ တာရှည်ခံအောင် အအေးခံ သိုလှောင်ထားရန်မလိုပါ။ ။

စူပါမားကတ်တွေရဲ့စင်တွေပေါ်မှာ  မဖွင့်ရသေးတဲ့ UHTနို့ထွက်ထုတ်ကုန်တွေက အချိန်ကာလကြာမြင့်စွာ ပိုအထားခံတာကိုသင်သတိထားမိပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ UHT နဲ့ ပိုးသတ်သန့်စင်ထားတာလည်းဖြစ် ဘက်တီးရီးယားကင်းစင်တဲ့စက္ကူဘူး နဲ့လည်း ထုပ်ပိုးထားတာကြောင့် မပုပ်မသိုးဘဲလပေါင်းများစွာ သိုလှောင်ထားနိုင်ပါတယ်။ ဒါ့အပြင်ဒီဘတ်တီးရီးယားကင်းစင်တဲ့ aseptic packaging ထုတ်ကုန်တွေကို အအေးခန်းတွင် သိုလှောင်စရာမလိုအပ်တာကြောင့် ခရီးသွားရင်းသယ်ဆောင်သွားရင်ပဲဖြစ်ဖြစ်၊ နွေရာသီမှာပဲ ဖြစ်ဖြစ်၊ ရုံးသွား၊ကျောင်းသွားရာမှာ ယူဆောင်သွားရင်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို UHT နို့ထုတ်ကုန်တွေဟာ အမြဲ လတ်ဆတ်ပြီး အာဟာရပြည့်ဝစွာပေးနိုင်မှာဖြစ်ပါတယ်။

အစားအသောက် ယုံကြည်စိတ်ချရမှုနှင့် UHT နွားနို့ထုတ်ကုန်များအကြောင်း ပိုမိုသိရှိလိုပါက Tetra Pak Myanmar Facebookစာမျက်နှာမှာဆက်လက်ပြီးလေ့လာကြည့်ရှုနိုင်ပါတယ်။ အစားအသောက်ကို စနစ်တကျရွေးချယ်စားသုံးတတ်သူတိုင်း လက်မလွှတ်တမ်း ဖတ်ကြည့်သင့်တယ်နော် ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly