မယ်ခွေကဗျာနှင့်ပတ်သက်ပြီး သစ္စာနီ ဘာပြောလဲ

10 June 2019
မယ်ခွေကဗျာနှင့်ပတ်သက်ပြီး သစ္စာနီ ဘာပြောလဲ

မယ်ခွေကဗျာကို ဖယ်ဖို့လုပ်မယ့်အစား ကျောင်းနားက ဆေးလိပ်ဆိုင်တွေဖယ်ရှားဖို့ လုပ်ရမှာဖြစ်တယ်လို့  မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂနာယက သစ္စာနီက ပြောသည်။

“လုပ်မယ်ဆိုရင် ကျောင်းရှေ့က ဆေးလိပ်ဆိုင်တွေ အရင်ဖယ်ရမယ်လေ။ ဒါက အဓိကကျတယ်။ တကယ်လည်း ဥပဒေ ထွက်ပြီးသား။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဥပဒေ။ ကျောင်းရဲ့ ဂိုက် ၁ဝဝ အတွင်းမှာ ဆေးလိပ်မရောင်းရဘူး။ အခုတော့ ကျောင်းတိုင်းလိုလိုမှာ တကယ့်ဆေးလိပ်ရောင်းနေကြတယ်။ ကျောင်းရှေ့မှာကို ဆေးလိပ်ဆိုင်တွေ ရှိတယ်။ တကယ်တော့ အဲ့ဒီ ဆေးလိပ်ဆန့်ကျင်ရေးသမားတွေ လုပ်ရမှာက အဲ့ဒီဆိုင်တွေ ဖယ်ရှားဖို့ အင်တိုက်အားတိုက်ဆောင်ရွက်ရမှာ။ မယ့်ခွေကဗျာမဟုတ်ဘူး”

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly