ဟောင်ကောင်မှာ အစဉ်အလာမပျက် ကျင်းပခဲ့တဲ့ နဂါးလှေ ပြိုင်ပွဲ

ဟောင်ကောင်မှာ အစဉ်အလာမပျက် ကျင်းပခဲ့တဲ့ နဂါးလှေ ပြိုင်ပွဲ

ဇွန် ၉ ။           ။ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ရိုးရာ နဂါးလှေ ပွဲတော်ကို ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်က အစဉ်အလာ မပျက် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ပွဲတော် ဆင်နွှဲဖို့အတွက် ယင်းနေ့က ဟောင်ကောင်ရှိ အဘားဒင်း တိုင်ဖွန်း ခိုလှုံရာ စခန်းမှာ ကျင်းပတဲ့ နဂါးလှေ ပြိုင်ပွဲမှာ လှေလှော်ကျွမ်းကျင်သူတွေ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ယင်း နဂါးလှေ ပွဲတော်ကတော့  ရာစုနှစ်များစွာချီ သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့  တရုတ်ရိုးရာ အစဉ်အလာ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

ဟောင်ကောင်မှာ အများပြည်သူ အားလပ်ရက် ဖြစ်တဲ့ သောကြာနေ့မှာ ယင်း နဂါးလှေ ပြိုင်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပြီး အားပေးသူ ပရိသတ်တွေနဲ့  အထူးစည်ကားခဲ့့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly