အာဖဂန်နစ္စတန် သမ္မတနန်းတော်အောက်မှ အရိုးစုများနှင့် ဦးခေါင်းခွံများ တွေ့ရှိ

အာဖဂန်နစ္စတန် သမ္မတနန်းတော်အောက်မှ အရိုးစုများနှင့် ဦးခေါင်းခွံများ တွေ့ရှိ

ကဘူး၊ အောက်တိုဘာ - ၈ ။         ။ နန်းတော်ကို ပြန်လည်ပြုပြင်ဆန်းသစ်နေစဉ်အတွင်း မီးဖိုချောင်အောက်မှ ရုပ်အလောင်းနှစ်ခု၏ ဦးခေါင်းခွံနှင့် အရိုးများကို တူးဖော်တွေ့ရှိခဲ့သည်ဟု အာဖဂန်နစ္စတန် သမ္မတနန်းတော်က ပြောကြားခဲ့သည်။

အရိုးစုများ မည်သူမည်ဝါဖြစ်သည်၊ မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့ရသည် ဆိုသည်မှာမူ အသိရခက်ဆန်းကြယ်နေတုန်းပင် ဖြစ်သည်ဟု ဆိုသဝည်။

အင်္ဂါနေ့က နန်းတော်၏ ထုတ်ပြန်ချက်တွင်မူ ရုပ်ကလာပ်အကြွင်းအကျန်များကို သေမှုသေခင်းစစ်ဆေးရန် ပေးပို့ထားသည်ဟု ဆိုသည်။ ထို့အပြင် ရုပ်အလောင်းများ မည်သူမည်ဝါဖြစ်သည်ကိုဖော်ထုတ်နိုင် ရန်အတွက် အဖဂန် လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေးဆရာဝန်များအဖွဲ့တို့မှ ကိုယ်စားလှယ်များပါဝင်သည့် ကော်မရှင်တစ်ရပ်ကို ထူထောင်ထားကြောင်းလည်း သမ္မတနန်းတော်က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် အမည်မသိ စစ်ဘေးသင့်သူများ၏ ရုပ်အလောင်းများကို အစုလိုက်အပြုံလိုက် တူးဖော်တွေ့ရှိရသည့် ရှည်လျားသည့် သမိုင်းကြောင်းရှိခဲ့ပြီး ထိုသင်္ချိုင်းအတော်များများမှာလည်း ယခင်စစ်ဘုရင်ဟောင်းများနှင့် ဆက်နွယ်နေတတ်သည်ဟု ဆိုသည်။  

၂၀၀၂ခုနှစ်က ၆နှစ်တာအုပ်စိုးလာခဲ့သည့် အစိုးရကို တော်လှန်သည့် စစ်ပွဲအတွင်း သုံ့ပန်းများအဖြစ် ဖမ်းဆီးလာခဲ့ပြီးနောက် တာလီဘန်သူပုန်များက သတ်ဖြတ်ပစ်ခဲ့သည်ဟု ယူဆရသည့် ရုပ်အလောင်းပေါင်း ၂၀၀၀နီးပါးကို တူးဖော်တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly