ဧရာဝတီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ၂၈.၉ရာခိုင်နှုန်း ရှိ

09 June 2019
ဧရာဝတီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ၂၈.၉ရာခိုင်နှုန်း ရှိ

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ ၂၈.၉ ရာခိုင်နှုန်း ရှိခဲ့ပြီး ဖြေဆိုသူ ၈၈၅၇၁ ဦးတွင် အောင်မြင်သူ ၂၅၅၉ရဦး ရှိခဲ့ကြောင်း တိုင်းပညာ ရေးမှူးရုံး၊စီမံဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးမန်းသိန်းကျော်က ပြောသည်။ 

“ဧရာဝတီတိုင်းဒေသကြီးကို ကြည့်ရင်တော့ ဆရာကျောင်းသားအချိုးမျှတပြီးတော့ ဆရာတည်ငြိမ်တဲ့ မြို့နယ်တွေက အောင်ချက်ကို ထိန်းထားနိုင်ပြီးတော့ တစ်ဘက်က သွားလာရေးခက်ခဲပြီး ဆရာ မတည်ငြိမ်တဲ့ မြို့နယ်တွေကျတော့ အောင်ချက်တွေ နိမ့်တာကို သွားပြီးတွေ့ရပါတယ်။ ဒါဟာလည်း ဒေသအခြေအနေအရ ဖြစ်တဲ့အတွက်ကြောင့်မို ့ အားလုံးဝန်းဝိုင်းဖြေရှင်းကြရမှာဖြစ်ပါတယ်”ဟု တိုင်းပညာရေးမှူးရုံး၊ စီမံဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးမန်းသိန်းကျော်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူ ၂၅၅၉၇ ဦးရှိပြီး၊ဘာသာစုံ ဂုဏ်ထူးထွက်သူ ၁၇ ဦး၊ ၅ဘာသာဂုဏ်ထူးထွက်သူ ၂၉ဦး၊ ၄ဘာသာဂုဏ်ထူးထွက်သူ ၉၁ဦး၊ ၃ ဘာသာ ဂုဏ်ထူး ၄၆၆ဦး၊၂ ဘာသာဂုဏ်ထူးထွက်သူ ၁၃၆၅နှင့် တစ်ဘာသာဂုဏ်ထူးထွက်သူ ၃၉၁၆ ဦးရှိခဲ့ကြောင်း သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly