ဧရာဝတီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ၂၈.၉ရာခိုင်နှုန်း ရှိ

ဧရာဝတီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ၂၈.၉ရာခိုင်နှုန်း ရှိ

ပုသိမ်၊ ဇွန် ၈ ။           ။ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ ၂၈.၉ ရာခိုင်နှုန်း ရှိခဲ့ပြီး ဖြေဆိုသူ ၈၈၅၇၁ ဦးတွင် အောင်မြင်သူ ၂၅၅၉ရဦး ရှိခဲ့ကြောင်း တိုင်းပညာ ရေးမှူးရုံး၊စီမံဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးမန်းသိန်းကျော်က ပြောသည်။

“ဧရာဝတီတိုင်းဒေသကြီးကို ကြည့်ရင်တော့ ဆရာကျောင်းသားအချိုးမျှတပြီးတော့ ဆရာတည်ငြိမ်တဲ့ မြို့နယ်တွေက အောင်ချက်ကို ထိန်းထားနိုင်ပြီးတော့ တစ်ဘက်က သွားလာရေးခက်ခဲပြီး ဆရာ မတည်ငြိမ်တဲ့ မြို့နယ်တွေကျတော့ အောင်ချက်တွေ နိမ့်တာကို သွားပြီးတွေ့ရပါတယ်။ ဒါဟာလည်း ဒေသအခြေအနေအရ ဖြစ်တဲ့အတွက်ကြောင့်မို ့ အားလုံးဝန်းဝိုင်းဖြေရှင်းကြရမှာဖြစ်ပါတယ်”ဟု တိုင်းပညာရေးမှူးရုံး၊ စီမံဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးမန်းသိန်းကျော်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်သူ ၂၅၅၉၇ ဦးရှိပြီး၊ဘာသာစုံ ဂုဏ်ထူးထွက်သူ ၁၇ ဦး၊ ၅ဘာသာဂုဏ်ထူးထွက်သူ ၂၉ဦး၊ ၄ဘာသာဂုဏ်ထူးထွက်သူ ၉၁ဦး၊ ၃ ဘာသာ ဂုဏ်ထူး ၄၆၆ဦး၊၂ ဘာသာဂုဏ်ထူးထွက်သူ ၁၃၆၅နှင့် တစ်ဘာသာဂုဏ်ထူးထွက်သူ ၃၉၁၆ ဦးရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကြံခင်းမြို့နယ်၌ ဖြေဆိုသူ ၁၄၆၀ ဦးတွင် အောင်မြင်သူ ၅၆၀ ရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၈.၃၆ရှိသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံး မြို့နယ်အဖြစ် ရပ် တည်ခဲ့သည်။ ဒုတိယအောင်ချက်အကောင်းဆုံးမြို့နယ်မှာ အင်္ဂပူမြို့နယ်ဖြစ်ပြီး တတိယအောင်ချက် အကောင်းဆုံး မြို့နယ်မှာ ဓနုဖြူမြို့နယ်ဖြစ်ကြောင်း တိုင်းပညာ ရေးမှူးရုံး၊စီမံဌာနမှ သိရသည်။

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ ၀ိဇ္ဖာဘာသာတွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံးမှာ ကျုံပျော်မြို့နယ်၊ အထက ကောက်တဲ့ရိုးမှ ကျောင်းသူ မသဇင်ဝင်းက ပထမဖြစ်ပြီး၊ဒုတိယကို အင်္ဂပူမြို့နယ်၊ညောင်ကျိုး အထကမှ မောင်ခန့်မောင်မောင်က ရရှိခဲ့သည်။ အမှတ်များဆုံး ၁၀ ယောက် တွင် ဧရာဝတီတိုင်းဒေသကြီးမှ ၅ယောက်ရရှိပြီး ၀ိပ္ပံဘာသာတွဲ၌ တစ်နိုင်ငံလုံး အမှတ်အများဆုံးတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အ.ထ.က(၁)မှ မသိမ့်နန္ဒီစိုးက ရမှတ်၄၈၆ဖြင့် အဆင့် ၁၀ ရရှိခဲ့သည်။

၂၀၁၉ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးမှ ဖြေဆိုသူ ၈၅၁၅၂၄ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၂၆၇၆၉၆ ရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၃၁.၄၄ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly