ပေါ့ဂ်ဘာအတွက် ဘေးလ်ကို အလိုက်ပေးပြီး မန်ယူကို ကမ်းလှမ်းဖို့ရှိတဲ့ ရီးယဲလ်မက်ဒရစ်

ပေါ့ဂ်ဘာအတွက် ဘေးလ်ကို အလိုက်ပေးပြီး မန်ယူကို ကမ်းလှမ်းဖို့ရှိတဲ့ ရီးယဲလ်မက်ဒရစ်
Photos: EPA

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပေါလ်ပေါ့ဂ်ဘာကို စပိန်သို့ ခေါ်ယူနိုင်ဖို့အတွက် ဂါရတ်ဘေးလ်ကို အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် မန်ယူအသင်းကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ Metro က ဖော်ပြပါတယ်။

ဟာဇက်ဟာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့မယ်လို့ ချယ်လ်ဆီးက သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဇီဒန်းက အပြောင်းအရွှေ့ သုံးစွဲမှုစရိတ်ကို အဆုံးမသတ်သေးပါဘူး။

ရီးယဲလ်အသင်းဟာ ယခုနွေရာသီမှာ နောက်ခံလူ မီလီတာအို၊ တိုက်စစ်မှူး လူကာဂျိုဗစ်နဲ့ ကွင်းလယ်လူ ဟာဇက်တို့ကို စျေးကြီးပေး အကုန်ကျခံခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် ဇီဒန်းက ပေါ့ဂ်ဘာကို ခေါ်ယူဖို့ အားထုတ်ကြိုးပမ်းလာတယ်လို့ Mirror က ဆိုပါတယ်။

မန်ယူအသင်းဟာ စိတ်ပျက်ဖွယ်ရာ နောက်ထပ်ရာသီတစ်ခုကို ကြုံတွေ့ခံရတာကြောင့် ပေါ့ဂ်ဘာအနေနဲ့ စပိန်ကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ရီးယဲလ်မှာ ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားသူဖြစ်ပါတယ်။

ဇီဒန်းဟာ ဘေးလ်ကို လာလီဂါနောက်ဆုံးပွဲ (၃)ပွဲမှာ အရန်ကစားသမားစာရင်းမှာသာ ထည့်သွင်းခဲ့ပြီး ပွဲထွက်စာရင်းကနေ ချန်ထားခဲ့သလို ဘာနေဗျူးမှာ တစ်ပတ်လုပ်ခ ပေါင် (၃)သိန်းရနေတဲ့ ဝေးလ်ကစားသမားကို အသင်းကနေ ပထုတ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

ယူနိုက်တက်က ပေါ့ဂ်ဘာအတွက် ပေါင်သန်း (၁၃၀)ဝန်းကျင် တောင်းဆိုမှာဖြစ်ပြီး ဘေးလ်ဟာ သရဲနီတွေအတွက် အလိုက်ပေးကစားသမားအဖြစ် အသုံးပြုခံရဖွယ်ရှိပါတယ်။

ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ ရီးယဲလ်အသင်းကို မပြောင်းရွှေ့ခင် မန်ယူအသင်းက အသက် ၂၉ နှစ်အရွယ်ကစားသမားကို စိတ်ဝင်းစားခဲ့သလို အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ ကာလရှည်ကြာ ချိတ်ဆက်ခံရသူလည်းဖြစ်ပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly