ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ

ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ဇီဝကမ္မဖြစ်စဉ်ဆိုတာ ကိုယ်ခန္ဓာတွင်းပိုင်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တစ်ုခဆိုပြီး  ရှင်းရှင်းလေးသာ သိထားခဲ့ကြပေမယိ့ ခုနောက်ပိုင်းမှာတော့ ဇီဝကမ္မဖြစ်စဉ် ကို ကိုယ်အလေးချိန် လျှော့ချတဲ့နေရာနဲ့ တွဲပြီး သိလာကြပါပြီ။ တစ်ချို့ပြောတာမျိုးတွေ ကြားဖူးမှာပါ။ ဇီဝကမ္မဖြစ်စဉ်နှေးလို့ ဝိတ်မချလို့ မရဘူးဆိုတာတွေပေါ့။ တကယ်တော့ အစားအသောက်နဲ့ လေ့ကျင့်ခန်းက ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အဓိက ၂ ခုဖြစ်ပေမယ့် ဇီဝကမ္မဖြစ်စဉ် ကိုလည်း ချန်ထားခဲ့လို့မရသေးပါဘူး။
ဒီတော့ ဇီဝကမ္မဖြစ်စဉ်ဆိုတာ ဘာလဲ။

ဇီဝကမ္မဖြစ်စဉ်ဆိုတာ စားလိုက်တဲ့ အစားအသောက်တွေ၊ ကယ်လိုရီ တွေကို  ဖြိုခွဲပြီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့စွမ်းအင်ထုတ်ပေးတဲ့ ဖြစ်စဉ်ကိုပြောတာပါ။ ဒီ ဖြစ်စဉ်ကြီးဟာ လူသားတွေမှာတင်ရှိတာမဟုတ်ပါဘူး။ လှုပ်ရှားသွားလာနေတဲ့ သတ္တဝါတိုင်းမှာ ရှိပါတယ်။
ဇီဝကမ္မဖြစ်စဉ်အပေါ်ဘာတွေက သက်ရောက်မှုရှိလဲ ။ ။

  •     တစ်ချို့ဆေးတွေ ကြောင့် သင့်ဇီဝကမ္မဖြစ်စဉ် နှေးသွားနိုင်သလို အရမ်းကြီးမြန်သွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
  •     တစ်နေ့တာမှာ ဇီဝဖြစ်စဉ် ပထမဦးဆုံးဖြစ်တဲ့ဖြစ်တဲ့အချိန်က မနက်စာစားပြီးတဲ့ အချိန်ပါ။

ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေအနေနဲ့ ဘာတွေသိထားဖို့လိုသလဲ ။ ။

  •     အစားလျှော့လွန်းလေ ဇီဝကမ္မဖြစ်စဉ်နှေးလေလေပါ။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာအတွက်လုံလောက်တဲ့ အစားတွေ မစားပေးတဲ့အခါ လိုအပ်တဲ့ ENERGY တွေကို မထုတ်ပေးသေးဘဲ သိုလှောင်ထားဖို့လိုတာကြောင့် ဇီဝကမ္မဖြစ်စဉ်လည်း နှေးသွားပါတယ်။
  •     အသက်အရွယ်ကလည်း ဇီဝကမ္မဖြစ်စဉ် ကို နှေးစေတဲ့ အရာတစ်ခုပါ။ ပိုဆိုးတာက အသက်ကြီးလာတဲ့အခါ လှုပ်ရှားမှုတွေလည်း နည်းသွားတတ်ပါတယ်။ ဒါေ့ကြာင့် အသက်ကြီးလာလေလေ အဆီတွေစုလာပြီး ကိုယ်အလေးချိန် တက်လာလေလေဖြစ်တာပါ။
  •     ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေ အစားလျှော့ရမယ် လေ့ကျင့်ခန်းလုပ်ရမယ်။ ဒါတွေအပြင် ဇီဝကမ္မဖြစ်စဉ် မြန်အောင်လည်း လုပ်ပေးရပါဦးမယ်။

ဇီဝကမ္မဖြစ်စဉ် မြန်အောင် ဘယ်လိုလုပ်ရမလဲ ။ ။

  •     ပရိုတင်းများများစားပါ။
  •     ရေအေးတွေ ပိုသောက်ပါ။
  •     လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပါ၊
  •     အလေးတုံးတွေ မပေးပါ
  •     တစ်ချိန်လုံးထိုင်မနေဘဲ မတ်တပ်ရပ် အလုပ်လုပ်ပါ။
  •     လက်ဖက်စိမ်းရည်တွေ သောက်ပါ
  •     အစပ်တွေစားပါ။
  •     ညဘက် အိပ်ရေးဝဝအိပ်ပါ။

အချုပ် ပြောရလို့ရှိရင် ကိုယ်အလေးချိန် ကျဖို့ဆို ကိုယ်စားလိုက်တဲ့ အစားအစာရဲ့ ကယ်လိုရီထက် လောင်ကျွမ်းတဲ့ ကယ်လိုရီက ပိုများနေဖို့လိုအပ်ပါတယ်။ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လေ့ကျင့်ခန်း များများလုပ်ပေးရမှာ ဖြစ်သလို ကယ်လိုရီတွေ လောင်ကျွမ်းပေးတဲ့ ဇီဝကမ္မဖြစ်စဉ် မြန်နေဖို့လည်း လိုအပ်ပါသေးတယ်။။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required