နျူကလီးယားလက်နက် ထိန်းချုပ်တဲ့ သဘောတူညီမှုက နုတ်ထွက်ဖို့ ရုရှား ပြင်ဆင်နေဟု ပူတင် ပြော

နျူကလီးယားလက်နက် ထိန်းချုပ်တဲ့ သဘောတူညီမှုက နုတ်ထွက်ဖို့ ရုရှား ပြင်ဆင်နေဟု ပူတင် ပြော

မော်စကို၊ ဇွန် ၇ ။         ။ နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူညီမှုတစ်ရပ်ဖြစ်တဲ့ New START ပဋိညာဉ်ကို သက်တမ်းတိုးဖို့ စိတ်ဝင်စားမှု မရှိခဲ့ရင် ရုရှားနိုင်ငံက နုတ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ ဇွန် ၆ ရက်မှာ သမ္မတ ဗလာဒီမာပူတင်က ပြောလိုက်ပါတယ်။

“New START ပဋိညာဉ်ကို သက်တမ်းတိုးလိုစိတ် မရှိဘူးဆိုရင် ကျွန်တော်တို့က ဘာလုပ်နိုင်မှာလဲ။”လို့ စိန့်ပီတာစဘတ်ချ်မြို့က စီးပွားရေးဖိုရမ်တစ်ခုမှာ ပူတင်က မဟာဗျူဟာလက်နက်လျှော့ချရေး START ဆိုတဲ့ သဘောတူညီမှုကို ရည်ညွှန်းပြီး ပြောလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ပဋိညာဉ်ဟာ ၂၀၁၀ ခုနှစ်တုန်းက အမေရိကန် သမ္မတဟောင်း အိုဘားမားနဲ့ ရုရှားသမ္မတဟောင်း မက်ဗီဒက်တို့ကြား ပရော့ဂ်မြို့မှာ လက်မှတ်ထိုး ချုပ်ဆိုခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်။
စစ်အေးခေတ် ကန့်သတ်ချက်တွေအရ နျူကလီးယားထိပ်ဖူး အရေအတွက်ကို ထိန်းချုပ်တဲ့ ဒီစာချုပ်ဟာ နှစ်နှစ်အချိန်အတွင်း သက်တမ်းကုန်တာ ဖြစ်ပါတယ်။

“စာချုပ် သက်တမ်းကို ထပ်တိုးဖို့ ကျွန်တော်တို့ဖက်က အသင့်ရှိကြောင်း ပြောခဲ့တာ အကြိမ်တစ်ရာမကဘူး။ အမေရိကန်ဖက်က ဆွေးနွေးပြောဆိုတာမျိုး မလုပ်လာဘူး။”လို့ ပူတင်က ပြောပါတယ်။
“တရားဝင် ဆွေးနွေးတာမျိုး ခုထိ မရှိဘူး။ ၂၀၂၁ မှာ အားလုံး နိတ္ထိတံသွားတော့မှာ ဖြစ်တယ်။”လို့ ပူတင်က ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly