ဆွေးနွေးပွဲမှာ တိုးတက်မှု ရှိတယ်လို့ မက္ကဆီကိုက ရှုမြင်ပေမယ့် အမေရိကန်က အားမရ

ဆွေးနွေးပွဲမှာ တိုးတက်မှု ရှိတယ်လို့ မက္ကဆီကိုက ရှုမြင်ပေမယ့် အမေရိကန်က အားမရ

ဝါရှင်တန်ဒီစီ၊ ဇွန် ၇ ။            ။ လူဝင်မှုကြီးကြပ်ရေးနဲ့ ကုန်သွယ်ခွန် ကိစ္စရပ်တွေမှာ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာ တိုးတက်မှု ရှိတယ်လို့ မက္ကဆီကိုအစိုးရက ဇွန် ၆ ရက်မှာ ပြောပါတယ်။

ဒါပေမယ့် အမေရိကန်ကတော့ လာမယ့် သီတင်းပတ်အစောပိုင်းမှာ မက္ကဆီကိုနိုင်ငံအပေါ် ကုန်စည်စည်းကြပ်ခွန် ငါးရာခိုင်နှုန်း ချမှတ်ဖို့ အစီအစဉ်ကို ပယ်ဖျက်ရလောက်အောင် မက္ကဆီကိုဖက်က အဆိုပြုချက်တွေက အားရစရာ မရှိဘူးလို့ ပြောပါတယ်။

အမေရိကန်နဲ့ မက္ကဆီကိုကြားက ဒုတိယမြောက် ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အိမ်ဖြူတော်တို့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံထဲ လက်တင်အမေရိကမှ ရွှေ့ပြောင်းဝင်ရောက်သူတွေ စီးဝင်မှုကို မက္ကဆီကိုနိုင်ငံက တားဆီးဖို့ ပျက်ကွက်တယ်ဆိုပြီး သွင်းကုန်ခွန် တိုးမြှင့်ဖို့ အမေရိကန်က ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ရဖို့ မက္ကဆီကိုနိုင်ငံအနေနဲ့ ထဲထဲဝင်ဝင် ပိုမိုလုပ်ဆောင်ဖို့ လိုတယ်လို့ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က မီဒီယာကို မှတ်ချက်ပြု ပြောဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ မက္ကဆီကို ကိုယ်စားလှယ်တွေနဲ့ မက္ကဆီကို အစိုးရကို ပေးချင်တဲ့ သတင်းစကားကတော့ ရွှေ့ပြောင်းဝင်ရောက်သူတွေ အမေရိကန်ဆီ လာဖို့ မက္ကဆီကိုနိုင်ငံကို ဖြတ်သန်းနေကြတာကို ဥပဒေနဲ့အညီ အရေးယူပြီးအမေရိကန်အတွက် ကူညီပေးဖို့ အချိန်ကျပြီဆိုတာပါပဲ။”လို့ မက္ကဆီကိုကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲမှာ အမေရိကန်က ဦးဆောင်တဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောခဲ့ပါတယ်။

    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly