ထိုင်း လေလံပွဲတစ်ခုမှာ ဒူးရင်းသီးတစ်လုံးကို စံချိန်တင် ဒေါ်လာ ၄၈,၀၀၀ နဲ့ ရောင်းချ

ထိုင်း လေလံပွဲတစ်ခုမှာ ဒူးရင်းသီးတစ်လုံးကို စံချိန်တင် ဒေါ်လာ ၄၈,၀၀၀ နဲ့ ရောင်းချ

ဇွန် ၇ ။           ။ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ လေလံပွဲတစ်ခုမှာ ဒူးရင်းသီး တစ်လုံးကို မကြုံစဖူး ဒေါ်လာ ၄၈,၀၀၀ (ဘတ် ၁ ဒသမ ၅ သန်း) နဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ စျေးအကြီးဆုံး ဒူးရင်းသီးမျိုးကွဲဖြစ်တဲ့ Kanyao မျိုးကွဲကတော့ မကြာသေးခင်က ထိုင်းနိုင်ငံအလယ်ပိုင်း နွန်သာဘူရီ ခရိုင်က လေလံပွဲအခမ်းအနားတစ်ရပ်မှာ ဒူးရင်းသီးကြိုက်သူ လူချမ်းသာတွေကို အထူးဆွဲဆောင်နိုင်ခဲ့ပါတယ်။

တာဝန်ရှိသူတွေဟာ ယခု ဒူးရင်းသီးကို King of Durian 2019 လေလံပွဲမတိုင်ခင် ရက်ပိုင်းအလိုကမှ အနီးအနားက ဒူးရင်းခြံတစ်ခြံကနေ သွားရောက်ခူးဆွတ်ထားခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အရွယ်အစား၊ ပုံပန်းသဏ္ဍာန်၊ မှည့်ဝင်းပြည့်တင်းမှု တို့ပိုင်းမှာ အပြစ်ရှာမရအောင် စင်းလုံးချော ကောင်းမွန်မှုကြောင့် အကောင်းဆုံး ဒူးရင်းသီးအဖြစ် သတ်မှတ်ခံရတဲ့ အဆိုပါ Kanyao ဒူးရင်းသီးတစ်လုံးကတော့ ယမန်နှစ်က တင်ထားခဲ့တဲ့ စံချိန် ဘတ် ရှစ်သိန်းကို ကျော်ဖြတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်း လေလံပွဲမှာတော့ အဆိုပါ စျေးအမြင့်ဆုံး ရတဲ့ ဒူးရင်းသီးအပါအဝင် စုစုပေါင်း ဒူးရင်းသီး ကိုးလုံး ရောက်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ဒူးရင်းသီး ခြံပိုင်ရှင်ဖြစ်တဲ့ ဟန်ချိုင်ထိုင်ကတော့ ယခု ၎င်းခြံထွက် ဒူးရင်းသီး ခုလောက်ထိ စျေးရခဲဲ့လိမ့်မယ်လို့ မထင်ကြောင်း၊ ဘာပဲဖြစ်ဖြစ် ယင်းမျိုးကွဲဟာ ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ဒူးရင်းသီးမျိုးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ယခု ကမ္ဘာ့ စျေးအကြီးဆုံး ဖြစ်ခဲ့တဲ့ ဒူးရင်းသီး ကိုတော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်လူချမ်းသာတစ်ဦးက ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်၊

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly