ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် ပခုက္ကူရဲစခန်း​မှ ဒုတပ်​ကြပ်​တစ်ဦးကို စစ်​​ဆေး​နေ

ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့မှုဖြင့် ပခုက္ကူရဲစခန်း​မှ ဒုတပ်​ကြပ်​တစ်ဦးကို စစ်​​ဆေး​နေ

ဇွန် ၇ ၊ ပခုက္ကူ ။           ။ အသက် ၅ နှစ်အရွယ် မိန်းက​လေးငယ်​တစ်ဦးအား ဓမ္မတာနှင်႔​ဆန်​႔ကျင် ​သည်​ အဓမ္မပြုကျင့်ခဲ့မှုဖြင့်

ပခုက္ကူမြို့မရဲစခန်း​ဂိတ်​ တာဝန်​ကျရဲတစ်​ဦးကို ဇွန် ၆ ရက်​​နေ့က ​ထိန်းသိမ်း​​စစ်​​ဆေး​နေ​ကြောင်း သိရသည်​။

"နစ်နာသူကို​ရော၊ ကျူးလွန်​သူကိုပါ ​နှစ်​ဖက်​စလုံးကို ​ဆေးစာ​ပေးပြီး ပခုက္ကူ​ဆေးရုံမှာ ​ဆေးစစ်​ချက် ​ယူထားတယ်​။ အမှု​က​တော့ ဖွင်​႔ထားပါတယ်​။လက်​ရှိ​တော့ ကျူးလွန်​သူကို စစ်​​ဆေးဆဲပါ"ဟု ပခုက္ကူမြို့မရဲစခန်းမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောသည်။

ကျူးလွန်ခံရသည့် ကလေးငယ်သည် အသက် ၅ နှစ်ဝန်းကျင်ရှိ မိန်းကလေးငယ်ဖြစ်ပြီး ရဲစခန်းဝင်းအတွင်း နေထိုင်သူ ဖြစ်ကာ ဓမ္မတာနှင့် ဆန့်ကျင်သော အဓမ္မမှု ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု လတ်တလော စစ်ဆေးချက်များအရ သိရသည်။

"အ​ဓိက က​တော့ ​ဆေးရုံက ​ဆေးစာပြန်​ကြားချက်​ ရမှသာလျှင်​ ပိုပြီး ပြည်​႔ပြည်​႔စုံစုံသိရမှာပါ"ဟု တာဝန်​ရှိသူက ဆိုသည်​။

ယင်းဖြစ်​စဉ်​နှင်​႔ပတ်​သက်​၍ ကျူးလွန်​သူ ယူဆရသူ ရဲဒုတပ်​ကြပ်​အား ထိန်းသိမ်းထားသည်​ဟု သိရသည်​။

"ကျူးလွန်​သူကို ဖမ်းဆီးမိန်​႔က ဝန်​ထမ်းလုပ်​ထုံးလုပ်​နည်းနဲ့သွားရမှာပါ။ နယ်​ဘက်​နဲ့ဖမ်​မှာလား၊ အရပ်​ဘက်​နဲ့ ဖမ်းမှာလား​တော့ မသိ​သေးဘူး"ဟု ယင်းအမည်မဖော်လိုသူ တာဝန်​ရှိသူက ​ပြောသည်။

လက်ရှိတွင် အဆိုပါကိစ္စရပ်​နှင်​႔ပတ်​သက်​၍ ရဲဒုတပ်​ကြပ်​ သန်​႔ဇင်​ဦးအား (ပ)၂၃၄၃/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၇၇/၅၀၆ အရ အမှုဖွင်​႔စစ်​​ဆေး​နေ​ကြောင်း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly