အာဆီယံဒေသကို ဆက်လက်အာရုံစိုက်ထားကြောင်း ပြသမှုအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းသို့ လာရောက်မည်

အာဆီယံဒေသကို ဆက်လက်အာရုံစိုက်ထားကြောင်း ပြသမှုအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းသို့ လာရောက်မည်

ဇွန် ၇ ။           ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပဲယိုးဟာ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်ဖို့ ရှိနေကြောင်း အမေရိကန်အရာရှိကြီးတစ်ဦးက ဇွန်လ ၆ ရက်မှာ ပြောပါတယ်။

အဆိုပါ ခရီးစဉ်နဲ့အတူ  လက်ရှိ တရုတ်တို့ ဒေသတွင်း သြဇာဖြန့်ကျက်လာနေချိန် အမေရိကန်အစိုးရအနေနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအပေါ် ထောက်ခံအားပေးနေလျက်ရှိကြောင်း ထပ်လောင်းသတင်းစကားပါးလိုက်ခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုးကတော့ လာမယ့် ဇူလိုင် ၂၉ ကနေ သြဂုတ် ၃ ရက်အထိ ကျင်းပမယ့် အာဆီယံအုပ်စု ဝန်ကြီးများအစည်းအဝေးအတွက် ဘန်ကောက်မြို့ကို လာရောက်မှာ ဖြစ်ကြောင်း အာဆီယံဒေသဆိုင်ရာ အမေရိကန် အရာရှိ မာ့ခ် ကလက်ခ်က ပြောပါတယ်။

ဒါ့အပြင် ပွန်ပဲယိုးဟာ Lower Mekong Initiative (မဲခေါင်မြစ် အောက်ပိုင်း ပမာဏခြေလှမ်း အစီအစဉ်) နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကိုလည်း ဦးဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ယင်း Initiative ကိုတော့ ပြီးခဲ့တဲ့ ဆယ်နှစ်ခန့်က ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ ဟီလာရီကလင်တန်က စတင် ထုတ်ဖော်အစပျိုးခဲ့တာဖြစ်ပါတယ်။

ယင်း Initiative ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို အားပေးနိုင်မယ့် နည်းလမ်းတစ်ခုအနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required