သြစတြီးယား တိရစ္ဆာန်ရုံမှာ ပေါက်ဖွားခဲ့တဲ့ ရှားပါး ကျားဖြူ သုံးကောင်ကို ထုတ်ဖော်ပြသ

သြစတြီးယား တိရစ္ဆာန်ရုံမှာ ပေါက်ဖွားခဲ့တဲ့ ရှားပါး ကျားဖြူ သုံးကောင်ကို ထုတ်ဖော်ပြသ

ဇွန် ၇ ။           ။ သြစတြီးယားနိုင်ငံ တိရစ္ဆာန်ရုံတစ်ရုံမှာ ပေါက်ဖွားခဲ့တဲ့ ရှားပါး ကျားဖြူ အကောင်ပေါက် သုံးကောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်က တရားဝင် ထုတ်ဖော်ပြသမိတ်ဆက်ခဲ့ပါတယ်။

ဟက်တာ၊ ပက်စ်ချာ၊ ဇီးယပ်စ် လို့ အမည်ပေးထားတဲ့ အဆိုပါ ရှားပါး မျက်လုံးပြာ ကျားဖြူအကောင်ပေါက်လေး သုံးကောင်ကိုတော့ ပြီးခဲ့တဲ့ မေလ ၇ ရက်က မြို့တော် ဗီယင်နာရဲ့ အနောက်ဘက် ကီလိုမီတာ ၁၀၀ အကွာမှာ တည်ရှိတဲ့ ဝေဆာ တိရစ္ဆာန်ရုံမှာ ပေါက်ဖွားခဲ့တာဖြစ်ပါတယ်။

“ ခုဆိုရင်တော့ သူတို့ဟာ အလေးချိန် ၃ ဒသမ ၅ နဲ့ ၃ ဒသမ ၉ ကီလို ကြား ရှိနေကြပါပြီ၊ မွေးစတုန်းက တစ် ကီလို လောက်ပဲ ရှိခဲ့တာပါ” လို့ တိရစ္ဆာန်ရုံ ညွှန်ကြားရေးမှူး ဟားဘာ့တ် အက်ဒါက Efe ကို ပြောပါတယ်။

ယင်းတိရစ္ဆာန်ရုံမှာတော့ ယခု ကျားဖြူပေါက် သုံးကောင်အပြင် အခြား အရွယ်ရောက်ပြီးသား ကျားဖြူ သုံးကောင်လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကျားဖြူပေါက်စလေး သုံးကောင်ကို အစာကျွေးတာ၊ အိပ်တာ၊ ဆော့ကစားတာတို့ကို  အကန့်အသတ်နဲ့သာ ထိန်းသိမ်းလုပ်ဆောင်စေလျက် ရှိတယ်လို့ သိရပါတယ်။

တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ WWF ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာမှာ ဘင်္ဂလားကျား အကောင်ရေ ၂,၅၀၀ လောက် ရှိနေပြီး အများစုက အိန္ဒိယမှာ ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required