ဂျီ ၂၀ အစည်းအဝေးပြီးတာနဲ့ တရုတ်အပေါ် အခွန်သစ်တွေ ချမှတ်ဖို့ ဆုံးဖြတ်မယ်လို့ ထရမ့် ပြော

ဂျီ ၂၀ အစည်းအဝေးပြီးတာနဲ့ တရုတ်အပေါ် အခွန်သစ်တွေ ချမှတ်ဖို့ ဆုံးဖြတ်မယ်လို့ ထရမ့် ပြော

ကိန်း၊ ဇွန် ၇ ။          ။ တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန်သစ် ချမှတ်ဖို့အတွက် အခု လကုန်မှာပိုင်း ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ပြီးတာကို စောင့်နေတာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ဂျီ ၂၀ အစည်းအဝေး ပြီးတာနဲ့ တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၃၂၅ ဘီလီယံဖိုး အပေါ် သွင်းကုန်စည်းကြပ်ခွန်သစ် ချမှတ်ဖို့့ ဆုံးဖြတ်မှာဖြစ်ကြောင်း ပြင်သစ်နိုင်ငံမှှာ ရောက်ရှိနေတဲ့ သမ္မတ ထရမ့်က ပြောပါတယ်။

“တရုတ်အပေါ် ထပ်ပြီး အခွန်ချမှာလားလို့ မေးတာလား။ ခင်ဗျား မေးချင်တာက တရုတ်ကုန်စည် ဒေါ်လာ ၃၂၅ ဘီလီယံဖိုးအပေါ် စည်းကြပ်ခွန်သစ် ဘယ်အချိန်မှာ ချမှတ်မှာလဲဆိုတာ မေးချင်တာ မဟုတ်လား။”ဆိုပြီး သတင်းထောက်တစ်ဦးရဲ့ အမေးကို ထရမ့်က တုံ့ပြန်ပြောဆိုပါတယ်။

“လာမယ့် သီတင်းနှစ်ပတ်လောက်မှာ တရုတ်အပေါ် အခွန်သစ် ချမှတ်ဖို့ကို ကျွန်တော် ဆုံးဖြတ်ချက် ချမယ်။ ဂျီ ၂၀ အစည်းအဝေး ပြီးလောက်မှာ ဖြစ်နိုင်တယ်။”လို့  ထရမ့်က ပြောပါတယ်။

ဒါအပြင် ဇွန် ၂၈ ရက်နဲ့ ၂၉ ရက်မှာ အိုဆာကာမှှာ ကျင်းပမယ့် အဲဲဒီ ဂျီ ၂၀ အစည်းအဝေးမှှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ထရမ့်က ပြောပါတယ်။

“တစ်နည်းမဟုတ် တစ်နည်းနည်းပေါ့။ ဂျီ ၂၀ အပြီးလောက်မှာတော့ ကျွန်တော် ဆုံးဖြတ်ချက် ချမှာ ဖြစ်တယ်။ အဲဒီ ဂျီ ၂၀ အစည်းအဝေးမှာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ပါဦးမယ်။ ဒီ တွေ့ဆုံမှုပေါ် မူတည်ပြီး ဆုံးဖြတ်မှှာပါ။”လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေကို လျှော့ချဖို့နဲ့ ပေကျင်းအနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွွေ လုပ်ဆောင်ဖို့အတွက် သမ္မတ ထရမ့်က တရုတ် သွင်းကုန်တွေအပေါ်  ပြီးခဲ့တဲ့နှစ်ကစပြီး စည်းကြပ်ခွန်တွေ ချမှတ်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဖက်ကလည်း လက်တုံ့ပြန်ပြီး အမေရိကန်ကုန်စည်တွေအပေါ် သွင်းကုန်ခွန် ချမှှတ်ပြဌာန်းလာတာကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly