ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကို ထောက်ခံတာဟာ အရူးနိုင်ငံတွေပဲလို့ ပူတင် ပြော

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကို ထောက်ခံတာဟာ အရူးနိုင်ငံတွေပဲလို့ ပူတင် ပြော

စိန့်ပီတာစဘတ်ချ်၊ ဇွန် ၇ ။           ။ ဗင်နီဇွဲလားနိုင်ငံရဲ့ အတိုက်အခံခေါင်းဆောင် ၀ိုင်းဂွါဒိုရဲ့ ကိုယ်ကိုကို သမ္မတအဖြစ် ကြေညာထားတာကို ‘အရူးနိုင်ငံတွေ’ ကပဲ အသိအမှတ်ပြုတယ်လို့ ရုရှှသမ္မတ ပူတင်က ဇွန် ၆ ရက်က အင်တာဗျူးဖြေကြားရာမှာ ပြောလိုက်ပါတယ်။

ဒါအပြင် အမေရိကန်နိုင်ငံကိုလည်း အရေးပါတဲ့ လက်နက်ဖျက်သိမ်းရေး ပဋိညာဉ်ကနေ နုတ်ထွက်တာကြောင့် ကမ္ဘာကြီးရဲ့ လုံခြုံရေးကို ပျက်ပြားအောင် လုပ်နေတယ်ဆိုပြီးလည်း ပူတင်က စွပ်စွဲပါတယ်။

အီးပီအေ အပါအဝင်ဖြစ်တဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းအေဂျင်စီတွေနဲ့ တွေ့ဆုံရာမှာ သမ္မတ ပူတင်က ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂွါဒိုရဲ့ အာဏာရအောင် ကြိုးပမ်းနေတာကိို လှောင်ပြောင်သရော်ပါတယ်။

“ကိုယ်ကိုကို သမ္မတအဖြစ် သတ်မှတ်တယ်ဆိုတာ ဘယ်လိုပါလိမ့်။ ဂွါဒိုဟာ သိပ်ကောင်းတဲ့ လူပါ။ ကျွန်တော်ရဲ့ သူ့ပေါ် သဘောထားကတော့ ပုံမှန်ပဲ။ တကယ်ကို ပုံမှန်ပေါ့ဗျာ။”လို့ ဗင်နီဇွဲလားနဲ့ ပတ်သက်ပြီး မေးမြန်းတာကို ပူတင်က ပြန်လည်ဖြေကြားပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးကပ်ဆိုက်နေပြီး နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်နေချိန်မှာ အမျိုးသားလွွှတ်တော်ရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ ဂွါဒိုက ကိုယ်ကိုကို သမ္မတအဖြစ် ကြေညာတာကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတော်တော်များများက အသိအမှတ်ပြုထားပါတယ်။

ရွေးကောက််ပွဲ ပြန်လည်ကျင်းပဖို႔ တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ နှစ်ကမှ ပြန်လည်ရွေးကောက်ခံရတဲ့ သမ္မတ မာဒူရိုက ငြင်းဆန်ထားပြီး  နိုင်ငံရေး သောင်မတင်ရေမကျ ဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly