ဆေးရုံကို ဗုံးမှားကြဲမိခြင်းအတွက် အိုဘားမားတောင်းပန်

ဆေးရုံကို ဗုံးမှားကြဲမိခြင်းအတွက် အိုဘားမားတောင်းပန်

အာဖဂန်နစ္စတန်နိုင်ငံတွင်းရှိ ကျန်းမာရေးအကူအညီပေးရေး MSFဆေးရုံကို မှားယွင်းဗုံးကြဲမိခြင်းကြောင့် လူပေါင်း ၂၂ ဦးသေဆုံးခဲ့ခြင်းအတွက်ဆေးရုံဥက္ကဌထံ အမေရိကန်သမ္မတ အိုဘားမား ကတောင်းပန် စကားပြောကြားလိုက်သည်။

ကန်ဒက်မြို့အတွင်း တည်ရှိသည့် ယင်းဆေးရုံကို အမေရိကန်တပ်များက တာလီဘန်များထိုးစစ်တွင် ပစ်မှတ်မှားယွင်း ဗုံးကြဲခဲ့မိခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကို စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးပေးရန် MSF က လိုလားလျက်ရှိသည်။

ထိုအမှားအတွက် နိုင်ငံသမ္မတထံလည်း အိုဘားမားက တောင်းပန်စကား ပြောကြားလိုက်ကြောင်း သိရသည်။

"တစ်ဦးချင်းတာဝန်ခံဖို့ လိုအပ်ပါကလည်း လုပ်ဆောင်ပေးသွားမှာပါ။"ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျို့အန်းနက်စ်က ပြောခဲ့သည်။

ဗုံးကြဲမှုကို စစ်ရာဇဝတ်မှုဖြစ်သည် မဖြစ်သည်ကို အန်းနက်စ်က တရားဝင်ပြောကြားနိုင်ခြင်း မရှိသော်လည်း အမေရိကန်အနေဖြင့် အရပ်သားများ သေဆုံးခြင်းကို အစဉ်သဖြင့် ရှောင်ရှားလုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

MSF ၏ ထုတ်ပြန်ချက်တွင် တောင်းပန်မှုကို လက်ခံရရှိကြောင်း၊ သို့ရာတွင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးအချက်အလက်ရှာဖွေခြင်းကော်မရှင် IHFFC က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေး ရန်တောင်းဆိုကြောင်း ဖော်ပြထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required