ဒိန်းမတ်နိုင်ငံရေး အပြောင်းအလဲမှာ အမျိုးသားရေးဝါဒီတွေ မရှုမလှအရေးနိမ့်ပြီး လက်ဝဲဝါဒီတို့ ခေါင်းထောင်လာ

ဒိန်းမတ်နိုင်ငံရေး အပြောင်းအလဲမှာ အမျိုးသားရေးဝါဒီတွေ မရှုမလှအရေးနိမ့်ပြီး လက်ဝဲဝါဒီတို့ ခေါင်းထောင်လာ
 Mette Frederiksen Photographer: Francis Dean/Corbis via Getty Images

ဇွန် ၆ ။           ။ ကျင်းပပြီးစီးသွားခဲ့တဲ့ ဇွန်လ ၅ ရက် ဒိန်းမတ် ရွေးကောက်ပွဲမှာ ဆိုရှယ် ဒီမိုကရက်တွေက အနိုင်ရရှိမှုနဲ့အတူ ယင်းနိုင်ငံမှာ နိုင်ငံရေးမြင်ကွင်း အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

နိုင်ငံရေးမြင်ကွင်း အပြောင်းအလဲနဲ့အတူ  အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခေါင်းဆောင်မယ့် လက်ဝဲယိမ်း အစိုးရသစ်တစ်ရပ်လည်း ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအပြီးမှာပဲ မဲရလဒ်တွေအရ ရွှေ့ပြောင်းအခြေချသူ ဆန့်ကျင်ရေး အမျိုးသားရေးဝါဒီတွေက အဆိုးဝါးဆုံးအတိုင်းအတာနဲ့ ခွက်ခွက်လန်အောင် ရှုံးနိမ့်သွားခဲ့ရပါတယ်။

ရလဒ်အနေနဲ့ကတော့ ဆိုရှယ် ဒီမိုကရက် ခေါင်းဆောင် Mette Frederiksen ကတော့ ဒိန်းမတ်ရဲဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ယင်းနိုင်ငံမှာ အစိုးရကို ဦးဆောင်မယ့် ဒုတိယမြောက် အမျိုးသမီး ခေါင်းဆောင်လည်း ဖြစ်လာမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ရလဒ်တွေအရ မဲဆန္ဒရှင်တွေအနေနဲ့ နိုင်ငံမှာ အစွန်းရောက် တရားသေဝါဒ ကိုင်ဆွဲထားတဲ့ ဒိန်းမတ်ပြည်သူ့ပါတီအပေါ် စိတ်ကုန်နေကြပြီ ဆိုတာကို ထင်ထင်ရှားရှား ပြသနေလျက်ရှိပါတယ်။

ဒါ့အပြင် ယုစွအဆုံး ဝန်ကြီးချုပ် Lars Lokke Rasmussen ကိုယ်တိုင်ကတော့ ဒိန်းမတ်နိုင်ငံရဲ့ လူဝင်မှု ဥပဒေ တစ်ချို့ဟာ အတော့်ကို ပြင်းထန်လွန်းတယ်လို့ ထုတ်ပြောယူရတဲ့အထိတောင် ဖြစ်ခဲ့ရပါတယ်။ ၎င်းရဲ့ အသက် ၂၉ နှစ်အရွယ် သားဖြစ်သူနဲ့လက်ထပ်မယ့် ဟားဗက် ဘွဲ့ရ အမေရိကန်သူဟာ နိုင်ငံမှာ နေထိုင်ခွင့်မရတဲ့ အခြေအနေကို ထောက်ပြရင်း ၎င်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယခု ရွေးကောက်ပွဲမှာတော့ center-left အတိုက်အခံအုပ်စုက လွှတ်တော်တွင်း အမတ်နေရာ ၉၁ နေရာ ရရှိချိန်မှာ center-right အစိုးရ အုပ်စုက ၇၅ နေရာ ရရှိခဲ့ပါတယ်။ ယင်းအတွက်ကြောင့် Frederiksen ရဲ့ ဒီမိုကရက် အုပ်စုက မဲရလဒ် ၂၆ ရာခိုင်နှုန်း အသာရခဲ့ပါတယ်။

ဒီ ရလဒ်ကို ကြည့်ခြင်းအားဖြင့် အဆိုပါ Nordic region မှာ center-left ပါတီတွေ နိုင်ငံရေးမှာ တစ်ဖန် ပြန်လည် ကြီးစိုးလာတာကို ဖော်ပြလိုက်တဲ့ ဥပမာတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဆွီဒင်နဲ့ ဖင်လန်တို့မှာလည်း အစောပိုင်း ရွေးကောက်ပွဲတွေအတွင်း ဒီနည်းအတိုင်း သွားနေခဲ့တာဖြစ်ပါတယ်။

Rasmussen ကတော့ ရွေးကောက်ပွဲ  အရှုံးကို ဝန်ခံပြီး ဇွန်လ ၆ ရက်မှာ ၎င်းရဲ့ နုတ်ထွက်စာကို ဒိန်းမတ် ဘုရင်မထံ တင်သွင်းမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Frederiksen ဟာလည်း အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ အခွင့်အရေး ရှိပြီ ဆိုပြီး ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required