အမျိုးသမီးပါတီ(မွန်)၏ မူဝါဒ သဘောထား

အမျိုးသမီးပါတီ(မွန်)၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၆ ။          ။ အမျိုးသမီးပါတီ(မွန်)ဥက္ကဋ္ဌ မိလယိုင်မွန်(ခေါ်)မိသန်းရှင်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ  ၆ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မင်္ဂလာပါရှင် -

ကျွန်မက အမျိုးသမီပါတီ(မွန်) ဥက္ကဋ္ဌ မိလယိုင်မွန်(ခေါ်) မိသန်းရှင် ဖြစ်ပါတယ်။

လေးစားရပါသော မိဘပြည်သူများရှင် အခုလို အချိန်ခါသမယမှာအမျိုးသမီးပါတီ(မွန်)ကိုယ်စား စကားပြောခွင့်ရသည့်အတွက် အမျိုးသမီးပါတီ(မွန်)အတွက်ရော အမျိုးသမီးထုအတွက်ပါ ကျေနပ်အားရမိ ပါကြောင်း ပဏာမပြောကြားလိုပါတယ်။ အမျိုးသမီးပါတီ(မွန်)ကို ၈-၁၀-၂၀၁၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပါတယ်။ တည်ထောင်ပြီးပြီးချင်းပြည်သူများ၏ ထောက်ခံမှုကို အရှိန်ဟုန်မြင့်မြင့်ရရှိခဲ့ပါတယ်။

လေးစားရပါသော မိဘပြည်သူများရှင်

ကမ္ဘာ့လူဦးရေတွင် ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ကြသည်။ အဆိုပါ ထက်ဝက်ကျော်သော လူဦးရေတို့သည် အချို့သော ဒေသနိုင်ငံများတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရှိခြင်း မရှိသေးသည်ကို တွေ့ရပါမည်။ အမျိုးသားများနှင့် တန်းတူရည်တူ အခွင့်အရေးမရရှိကြသော်လည်း မိသားစုတိုင်း/နိုင်ငံများ၏ တာဝန်များကို အမျိုးသားများနည်းတူထမ်းရွက်ကြသည်။

လိင်နှင့်ဖွဲ့စည်းတည်ဆောက်မှုအရ အမျိုးသားများထက်အားနည်းမှုကြောင့် အနိုင်ကျင့်ခံရမှုများကို အမြဲတစေခံစားကြရသည်။တန်းတူရေးအရလည်း အန္တရာယ်ပိုမိုခံစားရလွယ်သည့် အုပ်စုဖြစ်သည်။ ပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခများ၏ဒဏ်ကို အခံစားရဆုံးသောအုပ်စုလည်းဖြစ်သည်။

အဆိုပါ အမျိုးသမီးများတွင် မိခင်နှင့်တူသော မေတ္တာများအပြည့်အဝရှိကြသည်။ သို့သော်လည်း အမျိုးသမီးများ၏ကဏ္ဍသည် နိုင်ငံခပ်များများတွင် လည်းကောင်း၊ လူ့အဖွဲ့အစည်းများတွင်လည်းကောင်း အရေးပေးခံရခြင်း အားနည်းလျက်ရှိပြီး အမျိုးသားများနည်းတူ တန်းတူရည်တူအခွင့်အရေးများ လက်လွှတ်ဆုံးရှုံးလျက်ရှိသည်။ သို့အတွက် ကမ္ဘာကြီးတစ်ခုလုံးတွင်ရှိသော အမျိုးသမီးထုကြီးသည် ခွဲခြား မှုတစ်စုံတစ်ရာ မရှိဘဲ အမျိုးသားများနည်းတူ အခွင့်အရေးရရှိရန်လိုအပ်ပါသည်။ ပုခက်လွဲှသော မိခင်များ၏လက်သည် ကမ္ဘာကို အုပ်စိုးနိုင်သည့်အတွက် အခြေခံအဖြစ် တန်းတူရည်တူ အခွင့်အရေး ရရှိရေးသည် မလွဲမသွေ လိုအပ်လျက်ရှိပါသည်။

အမျိုးသမီးပါတီ(မွန်)၏ ရည်ရွယ်ချက်

အမျိုးသမီးတို့၏ဘဝ၊ အမျိုးသမီးတို့၏ကဏ္ဍ မြှင့်တင်ရန်၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ မိမိတို့အစွမ်းအစများကို ဖော်ထုတ်နိုင်ရေး၊ငြိမ်းချမ်းပြီး အေးချမ်းတည်ငြိမ်သော ကမ္ဘာကြီးဖြစ်လာစေရန် ကြိုးပမ်းရာတွင် အမျိုးသမီးများ၏ အမြင့်ဆုံးစွမ်းဆောင်နိုင်သည့် အရည်အချင်းများဖြင့် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ ကမ္ဘာကြီးကို အကျိုးပြုနိုင်ရန် ရည်ရွယ်ပါသည်။

နိုင်ငံရေးမူဝါဒသဘောထား

အမျိုးသမီးပါတီ(မွန်)၏ နိုင်ငံရေး မူဝါဒသဘောထားမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က) အမျိုးသမီးတို့၏ ရပိုင်ခွင့်ကို လူသားတစ်ဦး၏ ရပိုင်ခွင့်အတိုင်း အပြည့်အဝရရှိစေရန်။

(ခ) မတူကွဲပြားသည့် မျိုးနွယ်များအကြား အမျိုးသမီးတို့၏ တန်းတူရည်တူ ရပိုင်ခွင့်အတိုင်း အမျိုးသမီးများအားလုံး အပြည့်အ၀ ရရှိစေရန်။

(ဂ) ကမ္ဘာ့ပေါ်ရှိ အမျိုးသမီးများအားလုံးနှင့် အမျိုးသမီးပါတီများအကြား ကွန်ရက် ဆက်သွယ်ဆောင်ရွက်သွားနိုင်ရန်။

(ဃ) အေးချမ်းတည်ငြိမ်ပြီး သာယာ ဝပြောသောလူ့ဘောင်ကြီး တည်ဆောက်ရန်။

လေးစားရပါသော မိဘပြည်သူများ ရှင်-

နိုင်ငံတစ်နိုင်ငံတွင် အမျိုးသား၊ အမျိုးသမီး တစ်ဝက်စီရှိကြပါသည်။နိုင်ငံတည်ငြိမ်အောင် လုပ်သည့်နေရာမှာဖြစ်စေသည့်နေရာတွင်ဖြစ်စေ၊လူမျိုးတိုးတက်အောင် လုပ်ဆောင်သည့်နေရာတွင်ဖြစ်စေ အမျိုးသားရောအမျိုးသမီးပါ ပါဝင်ရပါမည်။ နိုင်ငံခေါင်းဆောင်ရွေးချယ်သည့်နေရာတွင်လည်း အမျိုးသားရော အမျိုသမီးပါရွေးချယ်မှသာ သင့်လျော်မှန်ကန်သော ရွေးချယ်မှုမျိုးဖြစ်မည်။ ထို့ကြောင့် လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားရော အမျိုးသမီးပါ မျှမျှတတပါဝင်အောင်မဲထည့်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင်။

အမျိုးသမီးပါတီ(မွန်)မှ ပေးပို့သော သီချင်းစာသား အဓိပ္ပာယ်

(တို့အမျိုးသမီးများဟာ အရည်အချင်းရှိတယ်။ ဖယောင်းအလင်းရောင်

လို ထွန်းလင်းတောက်ပြောင်တယ်။ ရောင်ခြည်လည်းသန်းလာပြီး လောက

ကို အလင်းရောင်လည်းပေးမယ်။ ကြီးပွားတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးသွားမယ်။

တို့ကြိုးစားရမယ်ဟေ့။ တို့လည်းကြိုးစားမယ်။ ဖယောင်းတိုင်

အလင်းရောင်လို တို့သွားမည့်ခရီး အလင်းရောင်ပေးသွားမည်။)၇

အမျိူးသမီးပါတီ(မွန်)

 ၁။  ပါတီအမည်  -  အမျိူးသမီးပါတီ(မွန်)
 ၂။  ပါတီအမည်(English)  -  Women Party (Mon)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၄.၁၀.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဒေါ်နွယ်နီစိုးပါ(၁၅) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဒေါ်မိသန်းရှင်၊ ဒေါ်နီနီလွင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၈.၅.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၆.၆.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၅.၇.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၉၆)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၇)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၅၂၈၃၅၂၇ (ဒေါ်မိသန်းရှင်)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly