ပထမဆုံးသော အာတိတ်ဒေသဖြတ် မီးရထားဝန်ဆောင်မှု ရုရှား ဖွင့်လှစ်

ပထမဆုံးသော အာတိတ်ဒေသဖြတ် မီးရထားဝန်ဆောင်မှု ရုရှား ဖွင့်လှစ်

ဇွန် ၆ ။            ။ ရုရှားရဲ့ အာတိတ်ဒေသကို ဖြတ်သန်း ခုတ်မောင်းသွားလာမယ့် ပထမဆုံးသော ခရီးသည်တင် ရထားတစ်စင်းကတော့ နော်ဝေနိုင်ငံကို ဦးတည်ပြီး ဇွန်လ ၅ ရက်က စိန့် ပီတာစဘာ့ဂ် ဘူတာရုံကနေ စတင်ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ယခု စမ်းသပ်ခရီးစဉ်မှာတော့ ခရီးသည်တင် ရထားကြီးပေါ်မှာ ခရီးသည် ၉၁ ဦး လိုက်ပါသွားခဲ့ပါတယ်။

“ အာတိတ်ဒေသက လူတိုင်းကို စွဲဆောင်နိုင်ပါလိမ့်မယ်” လို့ ယခု ပရောဂျက် နောက်ကွယ်မှာ ရှိတဲ့ ဂျာမနီရဲ့ Lernidee Erlebnisreisen ခရီးသွားလုပ်ငန်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ နာလန်း မူကက်ရှ်က ပြောသွားပါတယ်။

Zerengold လို့ အမည်ပေးထားတဲ့ ယင်း ရထားကြီးကတော့ စိန့်ပီတာဇဘာ့ဂ်ကနေတဆင့် ပက်ထရိုဇာဗော့စ်မြို့ကို ဖြတ်ပြီး သမိုင်းဝင်မြို့ ကမ်နဲ့ မာမန့်စ်မြို့ကို ထွက်ခွာသွားတာဖြစ်ပါတယ်။

အာတိတ် စက်ဝိုင်းရဲ့ မြောက်ဘက် အကြီးဆုံးမြို့ မာမန့်စ် ကျရင်တော့ ခရီးသည်တွေဟာ ရထားပေါ်ကနေ ဆင်းပြီး နော်ဝေနိုင်ငံ ကာကင်းန်စ် မြို့ကို ဘတ်စ်ကားနဲ့ ဆက်သွားကြမှာဖြစ်ပါတယ်။ ယင်းကနေတဆင့် ရေယာဉ်စီးပြီး အော်စလို ကို လည်းကောင်း၊ ဒါမှမဟုတ် လေကြောင်းနဲ့ စပစ်ဘာဂျန် ကျွန်းဆီလည်းကောင်း သွားရောက်နိုင်မှာဖြစ်ပါတယ်။

ခရီးစဉ် တစ်ခုလုံံးကတော့ ကြာချိန် ၁၁ ရက် ရှိမှာဖြစ်ပြီး  ခရီးသည်တွေအနေနဲ့ကတော့ တစ်ခြားနည်းလမ်းနဲ့ ရောက်ပေါက်နိုင်ရန် ခက်ခဲတဲ့ ဧရိယာတွေကို ထိတွေ့သွားလာနိုင်မယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required