D-Day ၇၅ နှစ်ပြည့် အခမ်းအနားများ ကမ္ဘာ့ ခေါင်းဆောင်တွေ ဆင်နွှဲ

D-Day ၇၅ နှစ်ပြည့် အခမ်းအနားများ ကမ္ဘာ့ ခေါင်းဆောင်တွေ ဆင်နွှဲ

ဇွန် ၆ ။           ။ ဇွန်လ ၆ ရက်နေ့တွင် ကျင်းပမည့် နော်မန်ဒီ ကမ်းခြေတွေပေါ်က D-Day နေ့ ၇၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များ တက်ရောက်ဆင်နွှဲကြမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည့် နော်မန်ဒီ ကမ်းခြေများသို့ မဟာမိတ်တပ်များ ကမ်းတက်ခဲ့ပြီး နာဇီတပ်များကို ပြင်သစ်ကနေ တိုက်ထုတ်ခဲ့သည့် ဖြစ်ရပ် ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခုအခမ်းအနားများကို  ဆင်နွှဲခြင်း ဖြစ်သည်။

လက်ရှိကာလတွင် နိုင်ငံတကာတွင် သဘောထားကွဲလွဲ မညီညွတ်မှုများ တိုးမြင့်ဖြစ်ပေါ်နေလျက်ရှိစဉ် အတ္တလန်တိတ် ဖြတ်ကျော် သဟဇာတဖြစ်မှုက ဆက်လက်ခိုင်မြဲနေဆဲ ဆိုသည်ကို ခေါင်းဆောင်များဘက်က ပြသသွားရန် ရှိနေသည်။

ယင်းအပြင် လွန်ခဲ့သည့် ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက် နော်မန်ဒီ ကမ်းခြေများသို့ ကမ်းတက်ခြေချခဲ့သည့် စစ်သည်တပ်ဖွဲ့ဝင်များ၏ သူရ သတ္တိကို အလေးပြုသောအားဖြင့် ခေါင်းဆောင်များက ယခုအခမ်းအနားများကို ဒုတိယမြောက်နေ့အဖြစ် စုဝေးတွေ့ဆုံဆင်နွှဲကြခြင်း ဖြစ်သည်။

ယမန်နေ့ ဇွန်လ ၅ ရက်က အမေရိကန်သမ္မတ၊ အဲလိဇဘတ် ဘုရင်မကြီး အပါအဝင် အခြား နိုင်ငံခေါင်းဆောင်များသည် အင်္ဂလန် တောင်ပိုင်း ကမ်းရိုးတန်းတွင် စုဝေးပြီး D-Day ၇၅ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ကြသည်။

၁၉၄၄ ခုနှစ်က ဖြစ်ခဲ့သည့် နော်မန်ဒီ တိုက်ပွဲသည် ဒုတိယကမ္ဘာစစ်  အဆုံးသတ်စေရန် အဓိက ကျသည့် နေရာကနေ ပါဝင်နိုင်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required