ဒီမိုကရေစီ တောင်းဆိုတဲ့ ဆူဒန်ဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွင်းရာမှာ သေဆုံးသူ တစ်ရာကျော်ရှိ

ဒီမိုကရေစီ တောင်းဆိုတဲ့ ဆူဒန်ဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွင်းရာမှာ သေဆုံးသူ တစ်ရာကျော်ရှိ

ခါသွမ်၊ ဇွန် ၆ ။             ။ ဆူဒန်နိုင်ငံ ခါသွမ်မြို့တော်မှာ ဒီမိိုရေစီတောင်းဆိုတဲ့ ဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွင်းရာမှာ သေဆုံးသူဦီးရေဟာ ၁၀၈ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ဆရာဝန်အဖွဲ့တစ်ဖွဲ့က ဇွန် ၆ ရက်မှာ ပြောပါတယ်။

သမ္မတ အိုဘာအယ်ဘာရှားကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ကို နိုင်ငံတကာ ဝေဖန်မှုတွေ မြင့်မားနေချိန်မှာပဲ ခုလို ဆန္ဒပြသူတွေကို ဖြိိုခွင်းလာတာ ဖြစ်ပါတယ်။

အဲဒီ သေဆုံးသူတွေမှာ ရုပ်အလောင်းတစ်ချို့ကို နီလီမြစ်ထဲ မျှောပစ်တာတွေ ရှိနေပြီး သေဆုံးသူ အရေအတွက်် ထပ််တိုးလာနိုင်တယ်လို့ ဆန္ဒပြသူတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဆူဒန်ဆရာဝန်များဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

ဧပြီလအတွင်းက သမ္မတ ဘာရှားကို ဖြုတ်ချလိုက်ပြီးနောက်ပိုင်း ခါသွမ်က စစ်််ရုံးချုပ် အပြင်ဖက်မှာ စုရုံးဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေမှာ ဇွန် ၃ ရက်နေ့ဟာ အဆိုးဆုံးဖြစ်ပါတယ်။

ရေရှည်ဆင်နွှဲနေတဲ့ ဒီဆန္ဒပြပွဲတွေကို စစ်တပ်က ဖြိုခွင်းပစ်ပြီးနောက်တစ်ရက်မှာပဲ အာဏာရ ကြားဖြတ်စစ်ကောင်စီ ကိုးလအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာလာပါတယ်။

ဒါပေမယ့် အရပ်သားအစိုးရ ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းပေးရေး စေ့စပ်ညှိနှိုင်းမှုတွေ အရေးမလှဖြစ်ပြီးမှ အာဏာရ ဆူဒန်စစ်ကောင်စီက အဲဒီလို ကြေညာချက် ထုတ်လာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required