အာဏာသိမ်း စစ်ခေါင်းဆောင် ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် ထိုင်းလွှွှတ်တော် ထပ်မံအတည်ပြု

အာဏာသိမ်း စစ်ခေါင်းဆောင် ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် ထိုင်းလွှွှတ်တော် ထပ်မံအတည်ပြု

ဘန်ကောက်၊ ဇွန် ၆ ။               ။ ၂၀၁၄ စစ်အာဏာသိမ်းမှုအပြီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်အာဏာကို ရယူထားတဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ် နောက်ထပ်သက်တမ်းအတွက် ဇွန် ၆ ရက်နေ့မှာ ထိုင်းလွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အထက်လွှတ်တော်နဲ့ အောက်လွှွတ်တော် အထူးအစည်းအဝေးမှာ ဆယ်နာရီကြာ ငြင်းခုံဆွေးနွေးကြပြီး ထောက်ခံမဲ ၅၀၀၊ ကန့်ကွက်မဲ  ၂၄၄ မဲနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး လူကြိုက်များ နာမည်ရလာတဲ့ လူငယ်နိုင်ငံရေးသမား သန်နာသွန်ဂျန်ရွန်ရန်ကစ်ကို အနို်င််ရပြီး ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်တာပါ။

အောက်လွှတ်တော် အမတ်နေရာ ၅၀၀ မှာ ထက်ဝက်ခန့်ကို အနိုင်ရထားတဲ့ ပါတီ ၁၉ ခုနဲ့ ချန်အိုချာကို တင်မြှောက်တဲ့ ပါလန်ပရာချာရတ်ပါတီဟာ ညွန့်ပေါင်းဖွဲ့ပြီး ဦးဆောင်နေတာ ဖြစ်ပါတယ်။  လွှတ်တော်မှာ အမတ်နေရာ ၂၅၀ က အာဏာရ စစ်အစိုးရက ရွေးချယ်ခန့်အပ်ထားတာ ဖြစ်ပါတယ််။

အခုလို မဲပေးရွေးကောက်ရာမှာ လွှတ်တော်အမတ် သုံးဦးက ကြားနေမဲပေးခဲ့တာဖြစ်ပြီး သန်နာသွန်အပါအဝင် နောက်ထပ် သုံးဦးကို မဲပေးခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အဲဒီ လွှတ်တော် အထူးအစည်းအဝေးကို အမတ်တော်တော်များများက မတက်ရောက်ကြဘဲ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်စရာ ကိုယ်စားလှယ်လောင်း မရှိဘူးဆိုတဲ့ သဘောကို ပြသခဲ့ကြပါတယ်။

၂၀၁၄ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ မတ်လက ရွေးကောက်ပွဲမှာ  ရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်လိုစနစ်မျိုးနဲ့ အနိုင်ရအမတ် ရွေးချယ်သလဲဆိိုတာကိုလည်း မဲပေးသူပြည်သူတွေအနေနဲ့ သိရှိထားခြင်း မရှိပါ။

ဝန်ကြီးချုပ်အဖြစ် ဆက်လက်တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်ကြီး ချန်အိုချာဟာ ထိုင်းနိုင်ငံကို ငါးနှစ်တာ အုပ်ချုပ်ထားတာဖြစ်ပြီး သဘောထားကွဲလွဲသူတွေကိုလည်း နှိပ်ကွပ်မှုတွေ လုပ်ဆောင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required