UEFA ကလပ်အသင်းအဆင့်သတ်မှတ်ချက်မှာ (၅)နှစ်ဆက် ထိပ်ဆုံးက ရပ်တည်တဲ့ ရီးယဲလ်၊ ထိပ်ဆုံး (၁၀)သင်းပြင်ပမှာ ရပ်တည်တဲ့ လီဗာပူးလ်

UEFA ကလပ်အသင်းအဆင့်သတ်မှတ်ချက်မှာ (၅)နှစ်ဆက် ထိပ်ဆုံးက ရပ်တည်တဲ့ ရီးယဲလ်၊ ထိပ်ဆုံး (၁၀)သင်းပြင်ပမှာ ရပ်တည်တဲ့ လီဗာပူးလ်
Photos: EPA

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ စွမ်းဆောင်မှုအမြင့်မားဆုံး ကလပ်အသင်းများ အဆင့်သတ်မှတ်ချက်ဇယားမှာ (၅)နှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါကတော့ ဆုဖလားမဟုတ်ပေမယ့် ရီးယဲလ်တို့ ဂုဏ်ယူနိုင်စရာတစ်ခုပါ။

ဒါပေမယ့် စပါးအသင်းကို အနိုင်ယူပြီး (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ကလပ်အသင်းအဆင့်သတ်မှတ်ချက်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီး၊ အာဆင်နယ်တို့နောက် အဆင့် (၁၁)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ (၂)နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့အပြင် ချန်ပီယံဆုတစ်ကြိမ်ရရှိခဲ့ပေမယ့် (၃)နှစ်ဆက်တိုက်ချန်ပီယံဆုရရှိခဲ့တဲ့ ရီးယဲလ်အသင်းနဲ့ နောက်ဆုံး (၁၂)ရာဆီဆက်တိုက် အနိမ့်ဆုံးကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ရမှတ်နဲ့ ကွာဟခဲ့လို့ အခုလိုအဆင့်သတ်မှတ်ချက်ကွာဟခဲ့တာပါ။

ရီးယဲလ်အသင်းဟာ (၅)နှစ်အတွင်း ရမှတ် (၁၄၆,၀၀၀) စုဆောင်းထားခဲ့ပြီး ထိပ်ဆုံးက ရပ်တည်နေနိုင်ခဲ့တာပါ။ သူ့နောက်မှာတော့ ဘာစီလိုနာ (ရမှတ် - ၁၃၈,၀၀၀)၊ ဘိုင်ယန်မြူးနစ် (၁၂၈,၀၀၀)၊ အက်လက်တီကို (၁၂၇,၀၀၀)၊ ဂျူဗင်တပ်စ် (၁၂၄,၀၀၀)၊ မန်စီးတီး (၁၀၆,၀၀၀)၊ ဆီဗီလာ (၁၀၄,၀၀၀)၊ ပီအက်စ်ဂျီ (၁၀၃,၀၀၀)၊ အာဆင်နယ် (၁၀၁,၀၀၀)နဲ့ ပေါ်တို (၉၃,၀၀၀) တို့က အသီးသီးအစဉ်လိုက်ရပ်တည်နေပါတယ်။

ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ မက်ဒရစ်ဟာ စိတ်ပျက်ဖွယ်ရာ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် တစ်ရာသီအတွင်း စွမ်းဆောင်ရည်ရမှတ် (၁၉,၀၀၀) သာ ရရှိခဲ့ပေမယ့် ဘာစီလိုနာက ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့တာကြောင့် ရမှတ် (၃၀,၀၀၀)ထိ ရရှိခဲ့ပါတယ်။

ယခုနှစ်ချန်ပီယံ လီဗာပူးလ်အသင်းက ၂၀၁၈-၁၉ ရာသီအတွက် ရမှတ် (၂၉,၀၀၀) ရရှိခဲ့ပြီး စုစုပေါင်း (၅)ရာသီမှာတော့ ရမှတ် (၉၁,၀၀၀) စုဆောင်းရရှိထားပါတယ်။

ကလပ်အသင်း စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ (၅)ရာသီအတွင်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ အသင်းတွေရဲ့ ရလဒ်တွေကို အခြေခံပြီး တွက်ချက်တာပါ။ စပိန်ကလပ်တွေဟာ ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ ကျရှုံးခဲ့ပေမယ့် ထိပ်ဆုံး (၁၀)သင်းမှာ (၄)သင်းအထိ ပါဝင်နေခဲ့တာဖြစ်ပြီး နိုင်ငံအလိုက်မှာလည်း စပိန်နိုင်ငံက ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

လိဂ်အသီးအသီးကိုယ်စားပြုနိုင်ငံများထဲမှာ စပိန်နိုင်ငံက ကြီးမားတဲ့ ရမှတ်ကွာခြားမှုဖြစ်တဲ့ စုစုပေါင်းရမှတ် (၁၀၃,၅၆၉)နဲ့ ဦးဆောင်နေပြီး အင်္ဂလန်ကမူ (၈၅,၄၆၂)မှတ်နဲ့ ဒုတိယ၊ အီတလီက ရမှတ် (၇၃,၇၂၅)နဲ့ တတိယတို့နဲ့ ရှိနေပါတယ်။

(၅)ရာသီအတွင်း UEFA စွမ်းဆောင်ရည်မြင့်မားဆုံး ကလပ်အသင်းများ အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀)သင်း

အဆင့်

ကလပ်

နိုင်ငံ

၁၄-၁၅

၁၅-၁၆

၁၆-၁၇

၁၇-၁၈

၁၈-၁၉

ရမှတ်

ရီးယဲလ်

စပိန်

၂၉၀၀၀

၃၃၀၀၀

၃၃၀၀၀

၃၂၀၀၀

၁၉၀၀၀

၁၄၆၀၀၀

ဘာစီလိုနာ

စပိန်

၃၄၀၀၀

၂၆၀၀၀

၂၃၀၀၀

၂၅၀၀၀

၃၀၀၀၀

၁၃၈၀၀၀

ဘိုင်ယန်

ဂျာမနီ

၂၈၀၀၀

၂၉၀၀၀

၂၂၀၀၀

၂၉၀၀၀

၂၀၀၀၀

၁၂၈၀၀၀

အက်သလက်

စပိန်

၂၂၀၀၀

၂၈၀၀၀

၂၉၀၀၀

၂၈၀၀၀

၂၀၀၀၀

၁၂၇၀၀၀

ဂျူဗင်တပ်စ်

အီတလီ

၂၉၀၀၀

၁၈၀၀၀

၃၃၀၀၀

၂၃၀၀၀

၂၁၀၀၀

၁၂၄၀၀၀

မန်စီးတီး

အင်္ဂလန်

၁၅၀၀၀

၂၆၀၀၀

၁၈၀၀၀

၂၂၀၀၀

၂၅၀၀၀

၁၀၆၀၀၀

ဆီဗီလာ

စပိန်

၂၈၀၀၀

၂၃၀၀၀

၁၉၀၀၀

၂၁၀၀၀

၁၃၀၀၀

၁၀၄၀၀၀

ပီအက်စ်ဂျီ

ပြင်သစ်

၂၁၀၀၀

၂၄၀၀၀

၂၀၀၀၀

၁၉၀၀၀

၁၉၀၀၀

၁၀၃၀၀၀

အာဆင်နယ်

အင်္ဂလန်

၂၀၀၀၀

၁၅၀၀၀

၁၉၀၀၀

၂၁၀၀၀

၂၆၀၀၀

၁၀၁၀၀၀

၁၀

ပေါ်တို

ပေါ်တူဂီ

၂၅၀၀၀

၁၁၀၀၀

၁၇၀၀၀

၁၇၀၀၀

၂၃၀၀၀

၉၃၀၀၀

Ref; Marca, UEFA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly