လာမယ့်နှစ်တွင် အမေရိကန် ပြည်ထောင်စု၌ တေးသီချင်း အယ်လ်ဘမ် ဖြန့်ချိသွားမယ့် YB ကိုရီးယား ရော့ခ်အဖွဲ့

လာမယ့်နှစ်တွင် အမေရိကန် ပြည်ထောင်စု၌ တေးသီချင်း အယ်လ်ဘမ် ဖြန့်ချိသွားမယ့် YB ကိုရီးယား ရော့ခ်အဖွဲ့

ကိုရီးယား ရော့ခ်တေးဂီတအဖွဲ့ YB အဖွဲ့သည် မကြာမီ ပြုလုပ်မည့် အကြိမ်၂၀မြောက် နှစ်ပတ်လည် ဖျော်ဖြေပွဲအတွက် အောက်တိုဘာ ၆ ရက်က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့၏ အနာဂတ် အစီစဉ်များကို ထုတ်ဖော် ပြောကြားခဲ့သည်။

အဖွဲ့ခေါင်းဆောင် ယွန်ဒိုဟွန်းက “ကျွန်တော်တို့ လာမယ့်နှစ် မေလ ဒါမှမဟုတ် ဇွန်လ လောက်မှာ အမေရိကန် ပြည်ထောင်စုမှာ တေးသီချင်း အယ်လ်ဘမ် ပွဲဦးထွက် ဖြန့်ချိသွားဖို့ စီစဉ်နေ ပါတယ်။ ကျွန်တော်တို့ ကမ္ဘာလှည့် ဖျော်ဖြေပွဲအတွက်ကိုလည်း စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အဆိုတော် အဖွဲ့ကြီးတစ်ဖွဲ့ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အမေရိ ကကိုသွားရင် အစကနေ စလုပ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရလဒ်တွေကို စောင့်ကြည့်သွားမှာပါ။ အမေရိကန် ပြည်ထောင်စုကို ထိုးဖောက် ဝင်ရောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ အခက်အခဲတွေ ကြုံတွေ့ ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်သွားဖို့ အသင့်ရှိပါတယ်” ဟု ၎င်းက ပြောကြား သည်။

YB အဖွဲ့သည် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသော Smashing Pumpkins အဖွဲ့နှင့် အတူ ယခုနှစ် နွေရာသီက အမေရိကန် ပြည်ထောင်စုကို ဖျော်ဖြေရေး သွားခဲသည်။ YB အဖွဲ့သည် လက်ရှိအချိန်တွင် ဆိုးလ်မြို့တွင်  အကြိမ်၂၀ မြောက် နှစ်ပတ်လည် ဖျော်ဖြေပွဲအတွက် ပြင်ဆင်လျက် ရှိကြောင်းနှင့် အဆိုပါ ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly