မူပိုင်ခွင့် ချိုးဖောက်သော အဝတ်အထည် ကုမ္ပဏီကို ဘီယွန်စေး၊ ရီဟားနားနှင့် အခြား အနုပညာရှင်များ တရားစွဲဆို

မူပိုင်ခွင့် ချိုးဖောက်သော အဝတ်အထည် ကုမ္ပဏီကို ဘီယွန်စေး၊ ရီဟားနားနှင့် အခြား အနုပညာရှင်များ တရားစွဲဆို

နာမည်ကျော် အဆိုတော် ဘီယွန်စေး၊ ဂျေဇီး၊ ကာနေးဝပ်စ်၊ ဖာရဲလ်ဝီလျံနှင့် ရီဟားနားတို့သည် ၎င်းတို့၏ ပုံတူများကို ခွင့်ပြုချက်မရှိဘဲ  ရှပ်အင်္ကျီများ၊ ဦးထုပ်များ ၊ ကျောပိုးအိတ်များနှင့် ဆဲလ်ဖုန်းများနှင့် အခြားပစ္စည်းများတွင် ရိုက်နှိပ်ကာ ရောင်းချနေသော Eleven Paris အဝတ်ထည် လက်ကားကုမ္ပဏီကို တရားစွဲဆိုခဲ့သည်။

Elvene Paris ကုမ္ပဏီသည် ၎င်းတို့၏ ဝက်ဆိုက်ဒ်မှတစ်ဆင့် ရောင်းချမှုများ၊ မန်ဟက်တန်မြို့ ဆိုဟိုဒေသရှိ စတိုးဆိုင်တွင် ရောင်းချနေမှုများ အပါအဝင် ရောင်းချမှုများကို ရပ်တန့်ရန် အဆိုတော် များ၏ သတိပေးချက်ကို လျစ်လျူ ရှုခဲ့ကြောင်း နယူးယော့ခ်မြို့ ဗဟိုတရားရုံးသို့ အောက်တိုဘာ ၆ ရက်က တိုင်ကြားခဲ့သော တိုင်ကြားစာတွင် ဖော်ပြထားသည်။

အဆိုတော်များက  Eleven Paris ကုမ္ပဏီသည် အနုပညာရှင်များ၏ ရပိုင်ခွင့်၊ မူပိုင်ခွင့် ချိုးဖောက်ခြင်း၊ ခွင့်ပြုချက်ယူမှု မရှိခြင်းနှင့်  ဉာဏ်ပညာဖြင့် တီထွင်ဖန်တီးထားသော အရာ (မူပိုင်ခွင့်) ကိုချိုးဖောက် မှုများ လုပ်ဆောင်ခဲ့ကြောင်း တရားစွဲ ဆိုထားသည်။

Eleven Paris ကုမ္ပဏီသည် အဆိုပါ တရားစွဲဆိုမှုနှင့် စပ်လျဉ်း၍ ထင်မြင်ချက်များကို ချက်ခြင်း ပြောကြားခြင်း မရှိသေးပေ။ Eleven Paris ကုမ္ပဏီ တရားစွဲဆိုခံထာရသော ထုတ်ကုန်များတွင် Kanye is my Homie Pharrell is my Brotha ကဲ့သို့သော စာသားများ ၊ ဘီယွန်းစေးနှင့် ရီဟားနားတို့၏ သီချင်းစာသားများ အပါအဝင် ၎င်းတို့၏ မျက်နှာပုံတူများကို ရိုက်နှိပ်ထားသည့် အဝတ်အထည်များ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required