မကြုံစဖူး လေဆင်နှာမောင်းတွေကြောင့် ချီလီမှာ လူ ၁ ဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု များပြား

မကြုံစဖူး လေဆင်နှာမောင်းတွေကြောင့် ချီလီမှာ လူ ၁ ဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု များပြား

ဇွန် ၂ ။           ။ ချီလီနိုင်ငံတောင်ပိုင်းမှာ မေလ ၃၁ ရက်က ပုံမှန်မဟုတ်တဲ့ လေဆင်နှာမောင်းတွေ တိုက်လို့ လူတစ်ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဒါ့အပြင် အဆိုပါ သဘာဝဘေးဖြစ်စဉ်တွေကြောင့် နေအိမ်ပေါင်း ရာချီလည်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

နိုင်ငံတောင်ပိုင်း BioBio ဒေသမှာ ယင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြား ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ချီလီ သဘာဝဘေး အရေးပေါ်ကယ်ဆယ်ရေးရုံးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဆိုပါ နိုင်ငံတောင်ပိုင်းဒေသတွေမှာ ယခုဖြစ်စဉ်တွေကြောင့် နေအိမ်၊ ကျောင်း အဆောက်အအုံတွေ ပျက်စီးတာ၊ ဓာတ်တိုင်နဲ့ သစ်ပင်တွေ လဲပြိုတာတို့ ဖြစ်ခဲ့ပြီး လမ်းတွေပိတ်၊ လျှပ်စစ်မီးပြတ်တောက်မှုတွေ ရှိခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးရုံး တာဝန်ရှိသူတွေက  ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required