လီဗာပူးလ်ဟာ အလွန်အံ့သြစရာကောင်းတဲ့ ရာသီတစ်ခုကို လုပ်ပြခဲ့တယ် - ပိုချက်တီနို

လီဗာပူးလ်ဟာ အလွန်အံ့သြစရာကောင်းတဲ့ ရာသီတစ်ခုကို လုပ်ပြခဲ့တယ် - ပိုချက်တီနို

“လီဗာပူးလ်၊ ယာဂန်ကလော့ပ်၊ ကစားသမားအားလုံးပြီးတော့ ကလပ်အသင်းနဲ့ ပရိသတ်အားလုံးကို ဂုဏ်ယူပါတယ်လို့ ကျနော် ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အလွန်အံ့သြဖွယ်စရာကောင်းတဲ့  ရာသီတစ်ခုကို လုပ်ဆောင်ပြခဲ့တယ်လို့ ကျနော် ထင်မိလို့ပါ။"လို့ ပိုချက်တီနိုက မက်ဒရစ်မြို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းကို အရေးနိမ့်ပြီးနောက် ပြောဆိုသွားပါတယ်။

"ပြီးတော့ တကယ်တမ်းမှာ ဒါဟာ အရမ်းနာကျင်ရပေမယ့် ကျနော်တို့ လုပ်စရာရှိတာ လုပ်သွားဖို့ လုပ်အပ်ပါတယ်။ ဒီနေ့လိုမျိုးအခြေအနေမျိုးမှာ အရမ်းနာကျင်ရအပြီးမှာတော့ ကျနော်တို့ အခုဆိုရင် လိမ်မာပါးနပ်မှု ရှိလာဖို့ လိုအပ်ပါတယ်။ အောင်မြင်မှုကို တည်ဆောက်ဖို့ အကြောင်းပါ။ ခင်ဗျား ဘဝရဲ့ လာမယ့်အနာဂတ်ကို တည်ဆောက်ဖို့ဖြစ်ပါတယ်။ ခက်ခဲမယ်ဆိုတာ အမှန်ပါ။ ဒါပေမယ့် နာရီအနည်းငယ်အကြာမှာ ကျနော်တို့ရဲ့ စဉ်းစားတွေးခေါ်မှု တွေ ပြောင်းလဲဖို့ လိုအပ်ပြီး အကောင်းမြင်လာဖို့ စတင်ရတော့မှာပါ။"

ဒါ့အပြင် ပိုချက်တီနိုက ဟယ်ရီကိန်းကို ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဂိုးမသွင်းနိုင်တာတွေကိုလည်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

"ကျနော့်အတွက် ဟယ်ရီကိန်းဟာ တစ်လခွဲလာကြာပြီးနောက်မှာ သူဟာ လန်းလန်းဆန်းဆန်းနဲ့ပွဲကို အဆုံးသတ်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ တခြားကစားသမားတွေ ဂိုးမသွင်းနိုင်ခဲ့သလိုမျိုးပဲ သူ ဂိုး မသွင်းခဲ့ပါဘူး။ ဒါဟာ အများကြီး ပြောနေရမယ့် အချက်မဟုတ်ဘူး။ ကျနော့်ရဲ့ ဆုံးဖြတ်ချက်၊ ကျနော် ကတိပေးတယ်။ ကျနော်ရဲ့ ဆုံးဖြတ်ချက်တွေဟာ အချက်အလက်တွေအားလုံးအပေါ် တွေးခေါ်စဉ်းစားပြီး အလွန်ခွဲခြမ်းစိတ်ဖြာမှုဖြစ်ခဲ့ပါတယ်။ ကျနော့်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော် နောင်တရမှာမဟုတ်ပါဘူး။"

"ခင်ဗျား သိပါတယ်။ စပါးမှာ ၅ နှစ်ကြာပြီးတဲ့နောက်မှာ စီမံကိန်းတွေက ရှင်းရှင်းလင်းလင်းဖြစ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ဟာ အံ့သြဖွယ်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ ကစားသမားတွေရဲ့ ကတိကဝတ်တွေဟာ အံ့သြဖွယ်ကောင်းပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသမိုင်းကြောင်းမှာ ပထမဆုံးအကြိမ် ကစားဖို့ ကလပ်အသင်းကို လုပ်ဆောင်ပေးခဲ့ပါတယ်။ အခုဆိုရင် အေးအေးဆေးဆေး နေရမယ့်အချိန်၊ ခံစားမှုတွေကို ပြောင်းလဲဖို့ စတင်ရမယ်။ ကျနော်တို့ရဲ့ စိတ်တွေကို ပြောင်းလဲဖို့နဲ့ သေချာဖို့အတွက် ကျနော်တို့ဟာ ဆွေးနွေးပြောဆိုရမယ့် အချိန်ရှိလာတော့မှာဖြစ်ပါတယ်။"လို့ သူက ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly