ဗိုလ်လုပွဲတွေမှာ (၆)ကြိမ် အရေးနိမ့်မှုကို အဆုံးသတ်လိုက်ပြီးနောက် ဘဝရဲ့ ‘အကောင်းဆုံးည’လို့ ပြောဆိုသွားတဲ့ ကလော့ပ်

ဗိုလ်လုပွဲတွေမှာ (၆)ကြိမ် အရေးနိမ့်မှုကို အဆုံးသတ်လိုက်ပြီးနောက် ဘဝရဲ့ ‘အကောင်းဆုံးည’လို့ ပြောဆိုသွားတဲ့ ကလော့ပ်
Photos: EPA

လီဗာပူးလ်အသင်းဟာ စပါးအသင်းကို အနိုင်ယူပြီး (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ပြီးနောက် ယာဂန် ကလော့ပ်က သူ့ရဲ့ နည်းပြဘဝသက်တမ်းတစ်လျှောက် အကြီးမားဆုံး ညတစ်ညဖြစ်တယ်လို့ သူ့ရဲ့ ခံစားချက်ကို ပြောဆိုသွားခဲ့ပါတယ်။

ကလော့ပ်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နှစ်ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က ဒေါ့မွန်ကို နည်းပြခဲ့စဉ်က ဘိုင်ယန်မြူးနစ်ကို တစ်ကြိမ်နဲ့ ပြီးခဲ့တဲ့ နှစ် ရီးယဲလ်မက်ဒရစ်ကို တစ်ကြိမ် ရှုံးနိမ့်ထားခဲ့တာဖြစ်ပြီး ၂၀၁၆ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ ဂျာမနီနဲ့ အင်္ဂလန်တို့မှာ ပြည်တွင်းဖလားဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်တဲ့ အစဉ်အလာရှိခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်လုပွဲ စုစုပေါင်း (၆)ကြိမ်အရေးနိမ့်မှုကို ဒီတစ်ခါမျှာတော့ ကလော့ပ်က ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။

"ကောင်လေးအတွက် ကျနော် အရမ်းပျော်မိပါတယ်။ ကျနော့်မိသားစုအတွက်လည်း အရမ်းပျော်ရွှင်မိပါတယ်။ ကျနော်တို့ ဗိုလ်လုပွဲကို ရောက်တဲ့ နှစ်တိုင်း သူတို့ ခံစားရပါတယ်။ သူတို့ဟာ တခြားလူတွေထက် ဆုဖလားအောင်မြင်မှုနဲ့ ပိုပြီး ထိုက်တန်ပါတယ်။"လို့ ကလော့ပ်က BT Sport ကို ပြောပါတယ်။

"ဒါဟာ ကျနော့်ဘဝရဲ့ အကောင်းဆုံညဖြစ်ကောင်းဖြစ်နိုင်ပါတယ်။"

လီဗာပူးလ်အသင်းဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

"တင့်ကားထဲမှာ လောင်စာမရှိတော့ဘဲ တိုက်ပွဲဝင်နေတဲ့ ဒီလိုအသင်းမျိုးကို ခင်ဗျာ မြင်ဖူးလား?"လို့ ကလော့ပ်က အသင်းကို ချီးကျူးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ မက်ဒရစ်မြို့မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို ပွဲကစားချိန် (၂)မိနစ်မှာ ဆာလာရဲ့ ပင်နယ်တီဂိုး၊ (၈၇)မိနစ်မှာ အိုရီဂီရဲ့ ဂိုးတွေနဲ့ (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

"ဒါဟာ ကျနော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခမ်းနားမှုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ ကောင်းမွန်တဲ့ ခြေလှမ်းတွေနဲ့ အမြဲတမ်းတက်လှမ်းနေသလိုမျိုးုဖြစ်တာကြောင့်ပါ။ ဒါပေမယ့် လူတွေက 'ဒါဆို ခင်ဗျာ ဘာအောင်မြင်မှုမှ မရခဲ့တာလဲလို့' ပြောမှာပါ။"

ဂျာမနီမှာ နည်းပြတွေဟာ ဆုဖလားဆွတ်ခူးပြီးနောက်မှာ ဘီယာတွေ လောင်းချလေ့ရှိပေမယ့် ဒီအစဉ်အလာအကြောင်းကို ကလော့ပ်ကို မေးမြန်းရာမှာ “ပွဲအပြီး အများအားဖြင့် မိနစ် ၂၀ လောက်မှာ ကျနော် အတော်လေးမူးနေပါပြီ။ ဒါပေမယ့် ဒီမှာတော့ ကျနော် ရေတောင် မသောက်ရပါဘူး။"လို့ ရယ်မောရင်း ဖြေကြားသွားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly