အာဆင်နယ်နှင့် ဆီဗီလာ ကစားသမားဟောင်း ရေးယက်စ် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်

အာဆင်နယ်နှင့် ဆီဗီလာ ကစားသမားဟောင်း ရေးယက်စ် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်

ရန်ကုန် ၊ ဇွန် ၁ ။                ။ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်း အာဆင်နယ် နှင့် စပိန် လာလီဂါ ကလပ် ဆီဗီလာ အသင်းတို့မှ ကစားသမားဟောင်းဖြစ်သော ရေးယက်စ်သည် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ကြောင်း ဆီဗီလာ အသင်းမှ (ယနေ့) ဇွန် ၁ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ရေးယက်စ်သည် သူမွေးဖွားရာဇာတိဖြစ်သော စပိန်နိုင်ငံ Utrera အရပ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆ မှုတွင် ပါဝင်သွားခဲ့ပြီးနောက် ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်ဟု ဆီဗီလာ၏ အသင်းက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၃၅ နှစ် ရှိပြီဖြစ်သည့် ရေးယက်စ်သည် စပိန်လက်ရွေးစင် ကစားသမားတစ်ဦး လည်း ဖြစ်ပြီး ကွင်းလယ်ကစားသမားအဖြစ်လည်းကောင်း တောင်ပံတိုက်စစ်နေရာတွင်လည်းကောင်း ကစားသူလည်း ဖြစ်သည်။

၎င်းသည် ဆီဗီလာအသင်း၌ ထင်ရှားကျော်ကြားလာခဲ့ပြီးနောက် အာဆင်နယ်အသင်းသို့ ၂၀၀၄ ခုနှစ် မြင့်မားသော ပြောင်းရွေ့ကြေးဖြင့် ရောက်ရှိခဲ့သည်။

၂၀၀၃-၀၄ ဘောလုံးရာသီ၌ ရှုံးပွဲမရှိရလဒ်ဖြင့် အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ဆုဖလားပိုင်ဆိုင်ခဲ့စဉ်က အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ထို့နောက် ရီးရဲလ်မက်ဒရစ် ၊ အက်သလက်တီကိုမက်ဒရစ် အသင်းတို့တွင် သွားရောက်ကစားခဲ့ပြီး ဥရောပ ဖလား နှင့် လိဂ်ဖလား အောင်မြင်မှုများစွာကို ရရှိခဲ့သူလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required