အိန္ဒိယနှင့် တရုတ် အခက်အခဲများ ကျော်လွှားနိုင်ရေး မြန်မာ ကူညီနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အိန္ဒိယနှင့် တရုတ် အခက်အခဲများ ကျော်လွှားနိုင်ရေး မြန်မာ ကူညီနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာကနိုင်ငံက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ ၎င်းတို့ပြဿနာများ ကျော်လွှားနိုင်ရေးတွင် ကူညီစွမ်းနိုင်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယတူဒေးတီဗီ အစီအစဉ် To The Point အင်တာဗျူးဖြေကြားရာ ပြောကြားခဲ့သည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရနိုင်သည့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ-တရုတ် ဆက်ဆံရေးပိုမိုကောင်းမွန်ခြင်းကလည်း မြန်မာနိုင်ငံအတွက်ပါ အကျိုးရှိပါကြောင်း ပြောသည်။

"နှစ်နိုင်ငံစလုံးနဲ့ ကျွန်မတို့က ပွင့်ပွင့်လင်းလင်း ဟန်ဆောင်မှုကင်းစွာ ဆက်ဆံသွားမယ်ဆိုရင် သူတို့ နှစ်နိုင်ငံကြားက ဆက်ဆံရေးနဲ့ ပတ်သတ်ပြီးတော့ ကျွန်မတို့ ကူညီသွားနိုင်မှာလို့ ကျွန်မ ယုံကြည်ပါတယ်" ဟု ရန်ကုန်ရှိနေအိမ်တွင် ပြောကြားခဲ့သည်။

စိတ်ဝင်စားဖွယ်တစ်ရပ်မှာ အိန္ဒိယနှင့် တရုတ်တို့တွင် သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှစ်ဦး၏ ပုဂ္ဂိုလ်ရေးပုံစံ (personal styles) ကိုလည်း နှိုင်းယှဉ်ပြောခဲ့သည်။ ဝန်ကြီးချုပ်မိုဒီက လူပုဂ္ဂိုလ်အားဖြင့် ပို၍ တည်ကြည်အိန္ဒြရပြီး သမ္မတရှီကျင့်ဖျင်ကမှု ရင်းနှီးဖော်ရွေမှုရှိကာ ခင်မင်လွယ်သည်ဟု အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် မိုဒီ၏ တည်ကြည်မှုသည် ပင်ကိုဗီဇပါဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“နိုင်ငံကြီးတိုင်းရဲ့ ခေါင်းဆောင်ဆိုသူတွေက တည်ကြည်အိန်ဒရေရအောင် စောင့်ထိန်းတတ်ကြတယ်။ ဒါကလည်း သူတို့ ရောက်နေတဲ့ အနေအထားအရ လူတိုင်း နဲ့ အခြေအနေတိုင်းကိုတော့ တကယ် ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ မရကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦး (မိုဒီနဲ့ ရှီကျင့်ဖျင်) ကတော့ ကွဲပြားကြတယ်။ မစ္စတာမိုဒီက အိန္ဒိယတစ်ဦးပါ။ ကျွန်မမှာ အိန္ဒိယ အသိမိတ်ဆွေရင်းနှီးသူတွေ အများကြီးရှိပါတယ်။ အိန္ဒိယလူမျိုးတွေနဲ့ ဆက်ဆံရေးမှာ စိတ်သက်သောင့်သက်သာ ရှိပြီး၊ ဝန်ကြီးချုပ် မိုဒီရဲ့ တည်တည်ကြည်ကြည်ရှိတဲ့ ပုံစံကလည်း ဆက်ဆံရေးမှာ ဘယ်လိုမှ အတားအဆီးတစ်ခု မဖြစ်ပါဘူး” ဟု ဖခင်ဖြစ်သူ မြန်မာနိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် အိန္ဒိယတွင် ကျောင်းတက်နေထိုင်ခဲ့ဖူးသည်ကို ညွန်းကာ ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required