ယာဘဆေးပြား တစ်သိန်းခွဲနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦး ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းမိ

ယာဘဆေးပြား တစ်သိန်းခွဲနှင့်အတူ မြန်မာနိုင်ငံသားတစ်ဦး ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နက်မြစ်အတွင်း ဂာလီယာပါရာအရပ်နားတွင် မြန်မာနိုင်ငံသားတစ်ဦးအား ယာဘဆေးပြား တစ်သိန်းခွဲနှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB တပ်ဖွဲ့ဝင်များ ဖမ်းဆီးမိကြောင်း Dhaka Tribune သတင်းဌာနက ဖော်ပြမှုအရ သိရသည်။

သတင်းပေးချက်တစ်ရပ်အရ BGB တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံဖက်မှလာသော လှေတစ်စင်းအား နေ့လယ် ၁၃နာရီခွဲ ဝန်းကျင်ခန့်က ကြားဖြတ်ဖမ်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူး ဂျက်ဖရူဟတ်က ပြောသည်။

လှေပေါ်လိုက်ပါလာသည့် ခရီးသည်များက မြစ်အတွင်း ခုန်ချထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ သို့သော် အသက် ၂၀ အရွယ် ရာမတ်အလီဆိုသူကိုမူ တပ်ဖွဲ့ဝင်များက အမိဖမ်းမိပြီး ယာဘဆေးပြား တစ်သိန်းခွဲကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required