မေလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ONE Championshipအကောင်းဆုံး တွဲဆိုင်း ၆ တွဲ

မေလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ONE Championshipအကောင်းဆုံး တွဲဆိုင်း ၆ တွဲ

ယခုနှစ် မေလသည်ONEChampionship ပရိသတ်များအတွက် ပွဲကောင်းများစွာ ကြည့်ရှုအားပေးခွင့်ရခဲ့သည့်လတစ်လ ဖြစ်ခဲ့သည်။ တစ်လအတွင်း ပြိုင်ပွဲကြီး ၃ ပွဲကို အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ နိုင်ငံတို့တွင် ကျင်းပခဲ့ပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲ  ၅ ပွဲကို ပရိသတ်များ အားပေးခွင့်ရခဲ့သည်။ ထို့ပြင် ဆုငွေ ဒေါ်လာတစ်သန်း ပေးမည့် Kick Boxing World Grand Prix ပြိုင်ပွဲကြီး၏ကွာတားဖိုင်နယ် တွဲဆိုင်းများလည်း ကြည့်ရှုခဲ့ကြရသည်။ ထိုသို့ ပွဲကောင်းများစွာ စုပုံနေသည့် မေလအတွင်းမှ အကောင်းဆုံး တွဲဆိုင်း ၆ တွဲကို ပြန်လည်၍ စုစည်းဖော်ပြ လိုက်ရပါသည်။

Sam-A Gaiyanghadao နှင့် Jonathan Haggerty

ONE ၏ မွေထိုင်း ဖလိုင်းဝိတ်တန်း ချန်ပီယံဂန္ထဝင် ကစားသမားကြီးSam-A ကို ဗြိတိန် လူငယ်ကစားသမား Haggerty က စိန်ခေါ် ထိုးသတ်သည့် တွဲဆိုင်းဖြစ်ပြီး အင်ဒိုနီးရှားတွင် ကျင်းပခဲ့သည့် ONE: For Honor ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းလည်းဖြစ်သည်။ကစားသမား နှစ်ယောက်စလုံး ချွေးအလိမ်းလိမ်း သွေးအလိမ်းလိမ်းဖြင့် ယှဉ်ပြိုင်ခဲ့ရသည့် အဆိုပါ ပွဲစဉ်တွင် အသက် ၂၂ နှစ်သာ ရှိသေးသည့် Haggerty သည် ပွဲပေါင်း ၄ဝဝ ကျော် အတွေ့အကြုံ ရှိသည့် Sam-A ကို ရဲရဲဝံ့ဝံ့ ဆိုင်ထိုး ပြိုင်ထိုးပြီး အနိုင်ယူ သွားခဲ့သည်ကို တွေ့ရသည်။

နှစ်ယောက်စလုံး လက်ရည် အလွန်အမင်း ကွာခြားခြင်းမရှိဘဲ ပွဲစပွဲဆုံးအကြိတ်အနယ် ထိုးသတ်ရင်း ပရိသတ်ကို ဖျော်ဖြေမှု အပြည့်ပေးခဲ့သည်။ အမှတ်ပေး ဒိုင်များ၏ အနိုင်အရှုံး သတ်မှတ်မှုတွင် အရေးပါသည့်အချက်မှာ တတိယ အချီတွင် တစ်ကြိမ်၊ စတုတ္တ အချီတွင် တစ်ကြိမ် Sam-A ကြမ်းပြင်ပေါ်လဲကျခဲ့ပြီး ကြိုးဝိုင်းဒိုင်၏ အမှတ်စဉ် ရေတွက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။ယင်းပွဲ အနိုင်ရခဲ့ သဖြင့် Haggerty သည် ONE ၏ ပထမဆုံး ဗြိတိန်နိုင်ငံသား ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့သည်။

Shinya Aoki နှင့် Christian Lee

ပူပူနွေးနွေးလိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်ထားသည့်ShinyaAokiက၎င်း၏ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ်လူငယ်ကစားသမားChristianLeeကိုစိန်ခေါ်ထိုးသတ်ခဲ့သည့်ပွဲဖြစ်သည်။စင်ကာပူတွင်ကျင်းပခဲ့သောONE:Enter the Dragon ၏ အဓိကတွဲဆိုင်းဖြစ်သည့် အဆိုပါ ပွဲစဉ်တွင် Aoki သည် ၎င်းထက် အသက်ရော၊ ဝါသမ္ဘာပါ ငယ်ရွယ်သည့် Lee ကို ပထမအချီ တစ်ခုလုံး အသာစီးဖြင့် ကစားခဲ့သည်။

Aoki သည် Lee ကို ကြမ်းပြင်ပေါ်စောစီးစွာလှဲချနိုင်ခဲ့ပြီးမြန်မြန်ဆန်ဆန်ပွဲသိမ်းနိုင်ရန်ချုပ်ကွက်မျိုးစုံဖြင့်ဖမ်းချုပ်ကစားခဲ့သည်။သို့သော်လည်းLeeကAoki၏ကြိုးပမ်းမှုတိုင်းကိုချေဖျက်ခဲ့ကာလက်ကိုညှပ်ပြီးဖိအားပေးသည့် ချုပ်ကွက်ကိုပင် လွတ်အောင် ရုန်းထွက်လာ နိုင်သည်ကို တွေ့ရသည်။

ဒုတိယ အချီတွင် Lee သည် Aoki အားသာသည့် ချုပ်ကွက်များကို ရှောင်ကစားပြီးမတ်တပ်ရပ်တိုက်ခိုက်မှုဖြင့်တိုက်စစ်ဆင်ခဲ့သည်။၎င်း၏ဆုံးဖြတ်ချက်မှန်ခဲ့ကာဒုတိယပိုင်း၅၁စက္ကန့်တွင်ပင်Lee၏လက်သီးချက်များကAoki ကို ဆက်တိုက် ထိမှန်ခဲ့သည်။ Aoki ကြိုးဝိုင်းထောင့်တွင် လဲနေစဉ် Lee က ဆက်တိုက် ဖိထိုးနိုင်ခဲ့သောကြောင့် ဒိုင်က ပွဲကိုရပ်ကာ Lee ကိုအနိုင်ပေးပြီး ချန်ပီယံသစ် ဖြစ်စေခဲ့သည်။

Nong-O Gaiyanghadao နှင့် Hiroaki Suzuki

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့်ONE:Warriors of Light ပြိုင်ပွဲကြီးတွင်အဓိကတွဲဆိုင်းအဖြစ်ကစားခဲ့သောONEဘင်တန်ဝိတ်တန်းမွေထိုင်းချန်ပီယံNongOနှင့်ဂျပန်hootBoxingချန်ပီယံSuzukiတို့ပွဲကလည်းပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။

Nong-O သည် အဆိုပါပွဲတွင် အမှားအယွင်း မရှိအောင် ကစားခဲ့ကာ ၎င်း၏ခြေကန်ချက်နှင့် လက်သီးချက်များကSuzukiကိုကောင်းစွာဒုက္ခပေးနိုင်ခဲ့သည်။လက်သီးကိုအားထားကစားသည့်Suzukiသည်NongO၏အနားကို ကပ်လိုက်သည်နှင့် အားပြင်းသော ခြေကန်ချက်များကို ရှောင်တိမ်းနေရသဖြင့် တိုက်စစ် ကောင်းစွာ မဆင်နိုင်ခဲ့သည်ကိုလည်း တွေ့ရသည်။

ပွဲပေါင်း ၂၅ဝ ကျော် ကစားထားသည့် Nong-O ၏ ဗျူဟာသည် အပြည့်အဝအလုပ်ဖြစ်ခဲ့ပြီးSuzuki မှာမူ ၎င်း၏ နည်းဗျူဟာ မပြောင်းဘဲ ပွဲစပွဲဆုံး တသတ်မတ်တည်း ထိုးသတ်နေခဲ့သဖြင့် ပွဲအပြီးတွင် ဒိုင် ၃ ယောက် စလုံးက Nong-O ကို အနိုင်ပေးခဲ့သည်။

Nieky Holzken နှင့် Regian Eersel

Kick Boxing  လောက၏ ကဝေတစ်ပါး ဖြစ်သည့်NiekyHolzken နှင့် တစ်နိုင်ငံသား လူငယ်ခြေတက်RegianEersel တို့ လိုက်ဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံခါးပတ်အတွက်ယှဉ်ပြိုင်ကြသည့် တွဲဆိုင်းဖြစ်သည်။ စင်ကာပူမှ ONE: Enter the Dragon ၏ ပွဲစဉ်တစ်ပွဲဖြစ်သော အဆိုပါပွဲတွင် အတွေ့အကြုံရော ကစားအားပါ အကောင်းဆုံး အနေအထား ရှိနေသေးသည့် Holzken က ပွဲစကတည်းက ပြိုင်ဘက်ကို လှုပ်ရှားခွင့်မပေးဘဲ လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။

သို့သော်Eerselကလည်းလွယ်လွယ်နှင့်နောက်တွန့်တတ်သူမဟုတ်သည့်အားလျော်စွာအကောင်းဆုံးတန်ပြန်တိုက်စစ်ကစားနိုင်ခဲ့သဖြင့်Holzken၏ဗျူဟာထင်သလောက်အလုပ်မဖြစ်ခဲ့သည်ကိုတွေ့ရသည်။ပွဲချိန်ကြာလာသည်နှင့်အမျှ လူငယ် Eersel က ပွဲကို ပိုမို စိုးမိုးလာနိုင်ခဲ့ပြီး စတုတ္တအချီတွင်မူ Holzken ကို ကြမ်းပြင်ပေါ် လဲကျသွားအောင် ဒူးဖြင့်တိုက်နိုင်ခဲ့သည်။

ထို့နောက် တွင်တော့ Holzken မှာ အလဲထိုး မခံရစေရန်သာ ခုခံကစားခဲ့ရပြီးငါးချီပြည့်သည့် အခါ ဒိုင်သုံးယောက်စလုံးက Eersel ကို အနိုင်ပေးခဲ့သည်။

Yodsanklai IWE Fairtex နှင့် Samy Sanaဖယ်သာဝိတ်တန်း Kick Boxing World Grand Prix ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်တွဲဆိုင်းတစ်ပွဲ ဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် Yodsanklaiနှင့် ပြင်သစ်လက်ဝှေ့သမား Samy
 Sana တို့၏ တွဲဆိုင်းကို ONE: Enter the Dragon ပြိုင်ပွဲကြီးတွင်ထည့်သွင်း ကျင်းပခဲ့သည်။

နာမည်ကျော် Yodsanklai သည် ပြင်သစ် ကစားသမားကို လျှော့တွက်ထားဟန်ပေါက်သော်လည်း ပထမ အချီတွင်ပင် ၎င်းကို ဖင်ထိုင်လျက် လဲကျအောင် ထိုးခဲ့ပြီးနောက် ပွဲကို အလေးအနက် သတိထားပြီး ကစားခဲ့သည်။ သို့သော် ခြေဆံ လက်ဆံ ကောင်းပြီး တိကျသည့် လက်သီးချက်များ ထိုးနိုင်သည့် Sana ကို Yodsanklai မည်သို့မျှ အသာစီး ရအောင် မကစား နိုင်ခဲ့သည် ကိုလည်း တွေ့ရသည်။

နောက်ဆုံး ၇ ပွဲ ဆက်တိုက် အနိုင်ရထားသည့် Yodsanklai သည် အဆိုပါပွဲတွင် Sana ကို အကြိတ်အနယ် ကြိုးစား တိုက်စစ်ဆင် ခဲ့သော်လည်း ထိရောက်ခြင်း မရှိသဖြင့် ပွဲအပြီးတွင် ဒိုင်သုံးဦး စလုံးက Sana ကို အနိုင်ပေးခဲ့သည်။

Priscilla Hertati Lumban Gaol နှင့် Nou SreyPov

ONE: For Honor ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည့် အင်ဒိုနီးရှားအမျိုးသမီးကစားသမားLumban Gaol နှင့် ကမ္ဘောဒီးယား အမျိုးသမီးကစားသမားNou Srey Pov တို့၏ တွဲဆိုင်းမှာ မေလအတွင်း ယှဉ်ပြိုင်ခဲ့သည့်
 အမျိုးသမီး တွဲဆိုင်းများအနက် အကောင်းဆုံးတွဲဆိုင်း ဖြစ်သည်။ အိမ်ရှင်ပရိသတ်ရှေ့တွင် ယှဉ်ပြိုင်ရသည့် Gaol သည် ခွန်ခမာ ချန်ပီယံ Srey Pov ကို ပုံစံအမျိုးမျိုးဖြင့် ကြမ်းပေါ် လှဲချခဲ့သည့် ချုပ်ကွက်များကပရိသတ်များ စိတ်လှုပ်ရှား ဖွယ်ရာ ဖြစ်ခဲ့သည်။

Srey Pov က ၎င်းအားသာသည့် မတ်တပ်ရပ် တိုက်ခိုက်မှုကို အားပြု ကစားခဲ့သော်လည်း Gaol ၏ နည်းဗျူဟာကြောင့် ထိရောက်သော တိုက်စစ်ကို မဆင်နိုင် ခဲ့သည်ကိုလည်း တွေ့ရသည်။ Gaol က မြေပြင် ချုပ်ကွက်ဖြင့် ပြိုင်ဘက်ကို အရှုံးပေးလာ စေရန် နည်းအမျိုးမျိုး ဖိအားပေးခဲ့သည့်တိုင် မာကျောသည့် Srey Pov ကလည်း သုံးချီစလုံး အရှုံးမပေးဘဲ တောင့်ခံ နိုင်ခဲ့သည်။ပွဲအပြီးတွင် ဒိုင်များက Gaol ကို အနိုင်ပေး လိုက်သည့်အခါမှသာ အရှုံးကို ကျေကျေနပ်နပ် လက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly