ONE Championship မြန်မာကစားသမားများ၏ မေလအတွင်းလူမှုကွန်ရက်လှုပ်ရှားမှုများ

ONE Championship မြန်မာကစားသမားများ၏ မေလအတွင်းလူမှုကွန်ရက်လှုပ်ရှားမှုများ

သတင်းနှင့်နည်းပညာများရှေ့တန်းရောက်နေသည့်ယနေ့ခေတ်တွင်အင်တာနက်လူမှုကွန်ရက်များသည်လူနေမှုဘဝ၏အရေးပါသည့်အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။လူတန်းစားမရွေး၊အသက်အရွယ်၊ကျားမမရွေးလူမှုကွန်ရက်ကို တွင်တွင်ကျယ်ကျယ်အသုံးချနေချိန်တွင်ONEChampionship၏အားကစားသမားများသည်လည်း၎င်းတို့၏နေ့စဉ်ဘဝလှုပ်ရှားမှုများကိုလူမှုကွန်ရက်ပေါ်လွှင့်တင်ကာပရိသတ်များနှင့်ထိတွေ့မှုပြုလုပ်လျက်ရှိကြသည်။ယင်းသို့ ပရိသတ်များ အပြန်အလှန်ဆက်သွယ် နေကြသည့် မြန်မာကစားသမားများ၏ မေလတစ်လတာFacebookလူမှုကွန်ရက် လှုပ်ရှားမှုများထဲမှ စိတ်ဝင်စား ဖွယ်ရာများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

အောင်လအန်ဆန်

အောင်လအန်ဆန်သည်လူမှုကွန်ရက်ကိုခပ်စိပ်စိပ်အသုံးပြုတတ်သူတစ်ဦးဖြစ်ပြီးပုဂ္ဂလိကသုံးစွဲသည့်အကောင့်အပြင်တရားဝင်FanPageစာမျက်နှာပါဖွင့်လှစ်အသုံးပြုကာပရိသတ်တစ်သန်းခွဲနီးပါးရှိသည်ကိုတွေ့ရသည်။မေလ ၂ ရက်က အောင်လအန်ဆန်၏ သားဖြစ်သူအောင်ဒီ၏မွေးနေ့ ဗီဒီယို အတိုလေးကို လွှင့်တင်ခဲ့ရာ ပရိသတ်ကမွေးနေ့ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။

မေ ၅ ရက်တွင်မူ အောင်လအန်ဆန်က ချန်ပီယံ ခါးပတ်နှစ်ခုကို ကိုင်ကာမှိုင်းညှို့နေသော ကောင်းကင်ကို မော့ကြည့်နေသည့်ပုံ လွှင့်တင်ပြီး “မုန်တိုင်းကတော့လာနေပြီ။ ဒါပေမယ့် ဒီနှစ်အတွက် ချန်ပီယံခါးပတ်တွေကို ကာကွယ်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီ”ရေးသားထားသည်။

ONE Championship ၏ မွေထိုင်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ ထိုးသတ်မည့်ထိုင်းကစားသမား Petchdamက အောင်လထံရုပ်သံ ဆက်သွယ်ရေး စနစ်သုံးကာ ဆက်သွယ် လာသည့် ပုံကိုမေ ၈ တွင် တင်ခဲ့သည်။ ယင်းနေ့တွင်ပင် မြန်မာနိုင်ငံမှ နိုင်ငံလုံးဆိုင်ရာ ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးရေးအတွက် ပညာပေးလှုံ့ဆော်သည့် ဗီဒီယိုကိုလည်း လွှင့်တင်ခဲ့သေးသည်။

မေ ၉ တွင်မူ အောင်လကို Soul Artist Management က ရိုက်ကူး ပေးထားသောအလှဓာတ်ပုံများကို လွှင့်တင်ခဲ့ သည်ကိုလည်း တွေ့ရသည်။ သန့်ပြန့်ခန့်ညားနေသည့် အောင်လ၏ပုံများကို ပရိသတ်များက အထူးသဘောကျခဲ့ကြသည်။ မေ ၁ဝ တွင်မူ သားဖြစ်သူ အောင်ဒီ၏ မြန်မြန်ဆန်ဆန် အရွယ်ရောက်လာမှုနှင့် ပြုစုပျိုးထောင်မှု အကြောင်းများကို ပြန်လည်ဝေမျှခဲ့သည်။

မေ ၁၂ တွင်လည်း အမေများနေ့ အထိမ်းအမှတ်အဖြစ် အောင်ဒီ မိခင်တဖြစ်လည်း၎င်း၏ဇနီးနှင့် အောင်လ၏ မိခင်တို့ ပုံကို ယှဉ်တွဲဖော်ပြခဲ့သည်။ ကြားရက်များတွင်တော့ ပုံမှန်လေ့ကျင့်ရေး အကြောင်းများသာ တင်ခဲ့ပြီး မေ ၂၁ တွင် ၎င်း၏မွေးနေ့ကို Hard Knock 365 ကလပ်မှ ကစားဖော်များနှင့် ကျင်းပခဲ့ပုံကိုဖော်ပြခဲ့သည်။

ပရိသတ်များလည်း မွေးနေ့ ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။မေ ၂၆ နှင့် ၂၇ ရက်များတွင်မူ အမေရိကန် နိုင်ငံ၏ အောက်မေ့ဖွယ်ရာနေ့ အခမ်းအနား ကျင်းပသည့် ရက်သတ္တပတ် ဖြစ်သဖြင့် မိတ်ဆွေများနှင့် စုပေါင်းအနားယူပြီး ရေကူးခြင်း၊ ဂေါက်ရိုက်ခြင်း၊ ငါးမျှားခြင်း၊ အကင်လုပ်စားခြင်း များ ပြုလုပ်နေသည်ကိုလည်း လွှင့်တင်ခဲ့သည်။

ဖိုးသော်

ဖိုးသော်သည်လည်းအောင်လအန်ဆန်ကဲ့သို့ပင် လူမှုကွန်ရက်ကို အသုံးပြုသူဖြစ်ပြီး ၎င်း၏ စာမျက်နှာမှာ ပရိသတ် ခြောက်သောင်းကျော်ရှိသည်။ အထူးသဖြင့် ဖိုးသော်နှင့် ၎င်း၏ Team PT မှ အဖွဲ့သားများအကြောင်းဖော်ပြသည့် မီဒီယာ များမှ သတင်းများကို ပြန်လည် ဝေမျှမှုများ မကြာခဏ ပြုလုပ်လေ့ ရှိသည်ကို တွေ့ရသည်။

မေ ၃ တွင် ဝေါ့တ်ဒစ္စနေ၏ ဆောင်ပုဒ် ဖြစ်သော “အရင်ဆုံး တွေးပါ၊ပြီးရင် စိတ်ကူးယဉ်ပါ၊ အဲဒီနောက် ယုံကြည်မှု ကြည့်ပါ။ နောက်ဆုံးမှာ လုပ်ဝံ့လာပါလိမ့်မယ်”ဟူသည့် စာသားကို ပြန်လည် ဝေမျှခဲ့သည်။ ၎င်း၏ Team PT မှ အဲအဲက ကရင်ပြည်နယ်တွင် ကျင်းပသည့် WLC လက်ဝှေ့ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သဖြင့် ယင်းအကြောင်းများတင်ခဲ့ပြီး ၎င်း၏ ပထမဆုံး နည်းပြဘဝပွဲဟုလည်း ဂုဏ်ယူစွာဖော်ပြခဲ့သည်။ ယင်းပွဲတွင် အဲအဲ အနိုင်မရခဲ့သော်လည်း စိတ်ဓာတ်မကျရန် အားပေးသည့် စာသားများ တင်ပေးခဲ့သေးသည်။

နောက်တစ်ရက်တွင် ဖိုးသော်နှင့် မိတ်ဆွေများ ဇွဲကပင်တောင် အတူတက်နေသည့်ပုံများတင်ခဲ့ပြီး စိတ်ဓာတ်တက်ကြွစေမည့် အဆိုအမိန့် များကိုလည်း ရေးသားခဲ့သေးသည်။ မေ ၉ တွင် လွှင့်တင်ခဲ့သည့် ဖိုးသော်နှင့် အဲအဲ လက်ဝှေ့ သင်ပေးသည့် ဆရာကို သွားကန်တော့ နေသည့် ပုံကိုလည်း ပရိသတ်များက စိတ်ဝင်စား ခဲ့ကြသည်။

မေ ၁၂ တွင်တော့ ဖိုးသော်၏ အမေရိကန် လေ့ကျင့်ရေးခရီးစဉ် အတွက်စတင်ထွက်ခွာတော့မည် ဖြစ်၍ မိခင်ဖြစ်သူကို ကန်တော့ပြီး နှုတ်ဆက် နေသည့်ပုံကို တင်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ယင်းနေ့ကလည်း မိခင်များနေ့ ဖြစ်သဖြင့် ပရိသတ်များက ဝိုင်းဝန်း ဆုတောင်း ပေးခဲ့ကြသည်။ ထို့နောက်တွင် ဘော့စတွန် မြို့မှ လေ့ကျင့်ရေး အတွေ့အကြုံ များကို ခပ်စိတ်စိတ်ဖော်ပြခဲ့သည်။

မေ ၂၈ တွင် နောက်ဆုံး တင်ခဲ့သည့် ပုံမှာမူ ပလက်ဖောင်း တစ်ခုပေါ်တွင် ခုန်ပြီး မြေပေါ်ပြန်မကျခင် ရိုက်ထားသည့် ပုံဖြင့် “သိုင်းပညာကို နောက်ဆုံးအဆင့် အောင်မြင်သွားပြီးနောက်” ဟု အရွှန်းဖောက် ထားသည်ကို တွေ့ရသည်။

ဘိုဇီနာ အန်တိုနီယာနောက်ထပ် လူမှုကွန်ရက်ကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုတတ်သူတစ်ဦးမှာ အမျိုးသမီး အားကစားမယ် အန်တိုနီယာဖြစ်သည်။ အန်တိုနီယာက ၎င်း၏ စာမျက်နှာရှိသော်လည်း ပုဂ္ဂလိက အကောင့်ကိုသာ အများဆုံးအသုံးပြုပြီး လွှင့်တင်ရေးသားမှု အများစု မှာလည်း ပေါပေါ့ပါးပါး နေ့စဉ်လှုပ်ရှားမှုများ ဖြစ်ကြသည်။

မေ ၁ က ဆိုလျှင် အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် လေ့ကျင့်ရေးမှကိုယ့်ဘာသာအနားယူမည်ဟုဓာတ်ပုံနှင့်တကွအရွှန်းဖောက်ရေးသားခဲ့သည်။လေ့ကျင့်ရေးလုပ်နေသည့်ပုံများ၊ကစားဖော်များနှင့်တွဲရိုက်ထားသည့်ပုံများ မကြာခဏ တင်ခဲ့ပြီး မေ ၁ဝ တွင်“ထရိန်နင်မှာဒီလိုဒဏ်ရာလေးရတာ သိပ်ကို ကြည်နူးစရာပါ။ ဒဏ်ရာ ဒဏ်ချက်တွေကိုသိပ်ချစ်တယ်”ဟု ခြေထောက် ဒဏ်ရာ ရထားသည့် ပုံနှင့် လွှင့်တင် ရေးသားခဲ့သည်။ အန်တိုနီယာသည် ယင်းဒဏ်ရာကြောင့် မေလအတွင်း ကစားရမည့် ပြိုင်ပွဲတစ်ပွဲကို လွဲချော်ခဲ့သည်။

မေ ၁၃ တွင်မူ ခန္ဓာကိုယ်အတွက် အလေးချိန်တက်ရန် လိုအပ်နေသဖြင့်အလေးမသည့် လေ့ကျင့်ခန်းစတင် ပြုလုပ်နေပြီဟု ဗီဒီယိုဖိုင်နှင့်တကွ လွှင့်တင်ခဲ့သည်။ မေ ၁၇ တွင်လည်း ONE Championship ပြိုင်ပွဲကို Bali MMA ကလပ်မှ အဖွဲ့သားများ ပကာသန မပါ၊ ရိုးရှင်းစွာ စုပေါင်း ကြည့်ရှုနေသည့် ပုံကို တင်ခဲ့သေးသည်။

မေ ၁၈ တွင် အရှေ့တောင် အာရှ ကာယ ဗလမောင် ပြိုင်ပွဲမှ မြန်မာ့ဂုဏ်ဆောင်ကစားသမားများကို ဂုဏ်ပြုသည့် ပုံများ လွှင့်တင်ခဲ့သည်။ မေ ၂ဝ နှင့် ၂၁ ရက် များတွင်၎င်း၏မွေးနေ့ အကြောင်း၊  အောင်လ အန်ဆန်နှင့် မွေးနေ့ တူနေသည့်အကြောင်းများရေးသားခဲ့ပြီးအမေရိကန်နိုင်ငံမှအောင်လအန်ဆန်နှင့်တီရဲလ်ထန်တို့လှမ်းပြီးနောက်ပြောင်သည့်အကြောင်းကိုလည်းဖောက်သည်ချထားသည်။နောက်ဆုံးလွှင့်တင်မှုတစ်ခုတွင်သူကိုယ်တိုင်ဆိုထားသည့် သီချင်းကို လွှင့်တင်ထားခြင်း ဖြစ်ကြောင်း တွေ့ရသည်။

တီရဲလ်ထန်ချင်းကစားသမားတီရဲလ်ထန်မှာမူ အခြားကစားသမားများထက်စာလျှင် လူမှုကွန်ရက်ကို အသုံးပြုမှုနည်းသည်ဟု ယူဆရသူ ဖြစ်သည်။ ၎င်း၏ စာမျက်နှာတွင်ရော၊ တကိုယ်ရေသုံး အကောင့်တွင်ပါ လွှင့်တင်မှု များများစားစား မရှိဘဲ အများစုမှာ လေ့ကျင့်ရေး ပုံများ၊ ကစားဖော် များနှင့် တွဲရိုက် ထားသည့် ပုံများသာ ဖြစ်သည်။

မေ ၃ တွင် “ချန်ပီယံဖြစ်လာဖို့ကြိုးစားနေသူ တစ်ယောက်အတွက် အကောင်းဆုံး ကတော့ကိုယ့်ကိုယ်ကိုချန်ပီယံများနဲ့ဝန်းရံပြီးသူတို့ဆီကလေ့လာသင်ယူဖို့ပါဘဲ”ဟုရေးသားကာHardKnock365မှချန်ပီယံဖြစ်ထားသူများနှင့် တွဲရိုက်ထားသည့်ပုံ တင်ခဲ့သည်။

မေ ၆ တွင် သူ့ခန္ဓာကိုယ်မှ ချွေးများကို ရေညှစ်ချ၍ ရသည်အထိ လေ့ကျင့်ထားကြောင်းဗီဒီယိုဖိုင် ပြသခဲ့ကာ မေ ၇ တွင် သေနတ်ပစ် လေ့ကျင့်နေသည့် ဗီဒီယိုဖိုင် တင်ခဲ့သည်ကို တွေ့ရသည်။ ထို့နောက် တွင်တော့ လေ့ကျင့်ဖော် များနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံများ၊ စိတ်ဓာတ် မြှင့်တင်သည့် စာအချို့ ရေးသား လွှင့်တင်ခဲ့မှုများသာ တွေ့ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required