လေယာဉ်ပျံသန်းရာ လမ်းကြောင်းက လိင်တံပုံ ပေါ်တာဟာ မတော်တဆဖြစ်ခဲ့တာလို့ အမေရိကန်လေတပ် ထုတ်ပြန်

လေယာဉ်ပျံသန်းရာ လမ်းကြောင်းက လိင်တံပုံ ပေါ်တာဟာ မတော်တဆဖြစ်ခဲ့တာလို့ အမေရိကန်လေတပ် ထုတ်ပြန်

အာရီဇိုးနားက Luke လေတပ်အခြေစိုက်စခန်းအပေါ်က ဝေဟင်မှာ လေယာဉ်မှူးတွေရဲ့ လေယာဉ်ပျံသန်းရာ လမ်းကြောင်းက ယောက်ကျားလိင်တံပုံ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး မတော်တဆ ဖြစ်တာလို့ အမေရိကန်လေတပ်က မေ ၃၀ ရက်မှာ တရားဝင်ထုတ်ပြန်ပါတယ်။

ဒီလို လေယာဉ်ပျံသန်းရင်း လမ်းကြောင်းက လိင်တံပုံဖြစ်ပေါ်တာဟာ ဒါက ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အဲဒီ လေတပ်စခန်းရဲ့ လေ့ကျင့်ပျံသန်းမှုတစ်ရပ်မှာ F-35 ဂျက်လေယာဉ်မှူးတွေရဲ့ ပျံသန်းမှုမှာ လေယာဉ်ပျံသန်းရာ လမ်းကြောင်းက လိင်တံပုံ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး အဲဒီ ပုံဟာ လူမှုမီဒီယာပေါ်မှာ ဟိုးလေးတကျော်ကျော် ပြန့်နှံ့သွားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု လိင်တံပုံ ဖြစ်ပေါ်မှုက အရင်တစ်ခေါက်ကလို တမင်ရည်ရွယ် လုပ်ဆောင်တာမျိုးမဟုတ်ဘဲ မတော်တဆ ဖြစ်သွားတာလို့ လေတပ်စခန်းက ခိုင်ခိုင်မာမာ ပြောဆိုပါတယ်။

“အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ အဲဒီ ဓာတ်ပုံတွေ လူမှုမီဒီယာမှာ ပြန့်နှံ့တာကို ကျွန်တော်တို့ သိရှိတွေ့မြင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ တမင်ရည်ရွယ် လုပ်ဆောင်တာမျိုး မဟုတ်ဘဲ လေ့ကျင့်ပျံသန်းမှုအတွင်း မတော်တဆ ဖြစ်သွားခဲ့တာပါ။”လို့ Luke လေတပ်စခန်းက ပြောခွင့်ရသူက CNN သတင်းဌာနကို ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းကတော့ ဝါရှင်တန်ပြည်နယ်၊ အိုကာနိုဂန်စီရင်စုရဲ့ ဝေဟင်မှာ ရေတပ်လေယာဉ်မှူးတစ်ဦး ကောင်းကင်မှာ မဖွယ်မရာပုံပေါ်အောင် ပျံသန်းခဲ့လို့ အပြစ်ပေးအရေးယူခံခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required