အီတလီမှာ မီးတောင်ပေါက်ကွဲ၊ ချော်ရည်မီးပန်းများ မှုတ်ထုတ်

အီတလီမှာ မီးတောင်ပေါက်ကွဲ၊ ချော်ရည်မီးပန်းများ မှုတ်ထုတ်

မေ ၃၁ ။         ။ အီတလီနိုင်ငံ စစ္စလီကျွန်းပေါ်က မောင့်အက်တနာ မီးတောင်ကတော့ ယခုအခါ ထပ်မံ ပေါက်ကွဲပြန်ခဲ့ပြီ ဖြစ်ပါတယ်။

ယင်း အက်တနာ မီးတောင်ကတော့ ယခင်ကလည်း ပေါက်ကွဲမှုတွေဖြစ်ထားခဲ့ပြီး ယခုမှာလည်း ထပ်မံ ပေါက်ကွဲလာခဲ့တာဖြစ်ပါတယ်။

မီးတောင်အနီး အက်ကွဲကြောင်း နှစ်ခု ပွင့်ထွက်သွားခဲ့ရာနေ ချော်ရည်ပူတွေ စီးကျလာခဲ့တယ်လို့ ဆိုပါတယ်။

ယင်း မီးတောင်ပေါက်ကွဲရာကနေ ချော်ရည်စီးကြောင်းတွေ ကျလာမှုကိုလည်း မီးတောင် ပညာရှင်တွေက အတည်ပြုထားပါတယ်။

လက်ရှိ အခြေအနေအရ လူနေထိုင်ရာ ဒေသတွေအတွက် အန္တရာယ် မရှိသေးပေမယ့် ခရီးသွားတွေ ယင်းမီးတောင်အနီး ဧရိယာဆီ သွားလာမှုကိုတော့ လုံခြုံရေးအရ ထိန်းချုပ်သွားမှာ ဖြစ်ကြောင်း ကတားနီးယားမြို့ အမျိုးသား မီးတောင် ဌာန ညွန်ကြားရေးမှူး အူဂီနီယို ပရီဗစ်တီရားက ပြောသွားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required